အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် Ftness Dance လှုပ်ရှားမှုနှင့် အမျိုးသမီး လွန်ဆွဲပြိုင်ပွဲကျင်းပ

မော်လမြိုင် ၊ ဇွန် ၂၉

မွန်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့နှင့် မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Fitness Dance လှုပ်ရှားမှုနှင့် အမျိုးသမီး လွန်ဆွဲပြိုင်ပွဲကို ၂၉-၆-၂၀၂၆ ရက်နေ့ နံနက်(၀၇:၀၀)နာရီအချိန် မော်လမြိုင်မြို့ ရာမညအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို မွန်ပြည်နယ်အမျိုးသမီး အားကစားကော်မတီဥက္ကဋ္ဌ ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၏ ဇနီးများ ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ၊ အမျိုးသမီးနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအဖွဲ့ ၊ သူနာပြုသိပ္ပံကျောင်း ၊ သားဖွားသင်တန်းကျောင်း ၊ ပညာရေးဒီဂရီကောလိပ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) ၊ အမျိုးသမီးအားကစားအဖွဲ့ နှင့်သံလွင်အမျိုးသမီးအားကစားအဖွဲ့များ စုစုပေါင်း (၇၃၉)ဦး တက်ရောက်ခဲ့ပါသည်။

ပထမဦးစွာ အမျိုးသမီးအားကစားအဖွဲ့ ၊ သံလွင်အမျိုးသမီးအားကစားအဖွဲ့၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၊ ပညာရေးဒီဂရီကောလိပ် ၊ သူနာပြုသိပ္ပံကျောင်း၊ သားဖွားသင်တန်းကျောင်းတို့မှ သင်တန်းသူများမှ ကွင်းအတွင်း Fitness Dance အကဖြင့် စုပေါင်း၍ သရုပ်ပြသကစားခဲ့ကြပြီး ၊ အမျိုးသမီး လွန်ဆွဲပြိုင်ပွဲကို အသင်းပေါင်း(၆)သင်းဖြင့် ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားကို တဆက်တည်း ကျင်းပခဲ့ရာ ပထမဆုရရှိသော အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)အသင်းအား ငွေသားဆု ကျပ်(၅)သိန်းကို မွန်ပြည်နယ်အမျိုးသမီး ကော်မတီဥက္ကဌ ၊မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းမှလည်းကောင်း ၊ ဒုတိယဆုရရှိသော အမျိုးသမီးအားကစားအဖွဲ့အသင်းအား ငွေသားဆု ကျပ်(၃)သိန်းကို မွန်ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့် မှလည်းကောင်း ၊ တတိယဆုရရှိသော သားဖွား သင်တန်းကျောင်းအသင်းအား ငွေသားဆုကျပ်(၂)သိန်းကို မွန်ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးမှလည်းကောင်း အသီးသီး ဆုများကို ချီးမြှင့်ပေးခဲ့ကြောင်းသိရှိရသည်။