အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌဖလား အမျိုးသား ဘိလိယက်နှင့် စနူကာပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ဇွန် ၂၈

၂၀၂၆ ခုနှစ်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌဖလား အမျိုးသား ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ဘိလိယက်နှင့်စနူကာ အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အသက် ၅၀ နှစ်အောက်)အမျိုးသား ဘိလိယက်ပြိုင်ပွဲနှင့် (အသက် ၄၀ နှစ်အောက်)အမျိုးသား စနူကာပြိုင်ပွဲများကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပြီး ချီးမြှင့်မည့်ဆုများမှာ အမျိုးသား ဘိလိယက်ပြိုင်ပွဲနှင့် စနူကာပြိုင်ပွဲများတွင် ပထမဆုများအဖြစ် Champion ဆုဖလားများနှင့် ဆုကြေးငွေ ကျပ်သိန်း ၅၀ စီကိုလည်းကောင်း၊ ဒုတိယဆုများအဖြစ် ဒုတိယဆုဖလားများနှင့် ဆုကြေးငွေ ကျပ်သိန်း ၂၀ စီကိုလည်းကောင်း၊ တတိယဆုများအဖြစ် တတိယဆုဖလားများနှင့် ဆုကြေးငွေ ကျပ် ၁၀ သိန်းစီကိုလည်းကောင်း၊ Highest Break အဖြစ် ဆုဖလားနှင့် ဆုကြေးငွေ ၅ သိန်းစီတို့ကိုလည်းကောင်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ရာ ဘိလိယက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အားကစားသမား ၂၄ ဦးနှင့် စနူကာပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အားကစားသမား ၇၈ ဦး၊ စုစုပေါင်း အားကစားသမားအင်အား ၁၀၂ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။