![]()
မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် မြန်ရွှေပြည်ထရက်တာလီမိတက်တို့ ပြုလုပ်သည့် (၆၄) ကြိမ်မြောက် အမျိုးသားတံခွန်စိုက်စက်ဘီးစီးပြိုင်ပွဲ ကျင်းပ
ရန်ကုန် ၊ ဇွန် ၂၈
အားကစားရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် မြန်ရွှေပြည်ထရက်တာလီမိတက်တို့ပြုလုပ်သည့် (၆၄) ကြိမ်မြောက် အမျိုးသားတံခွန်စိုက်စက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက်က သု၀ဏ္ဏကွင်း အပြင်ပတ်လမ်း၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် Mountain bike၊Men Junior တာဝေး ၊ Klomen Open တာဝေး ၊ Men Elite အသင်းလိုက်တာဝေး ၊ Men Elite Criterium ၊ Men Open Criterium ၊ Men Junion Criterium ၊ Wommen Criterium ပြိုင်ပွဲများကျင်းပခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာ၀န်ကြီးဦးဗိုလ်ဌေး ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဦးခင်မောင်၀င်းနှင့်ဒုတိယဥက္ကဋ္ဌများ ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ အမှုဆောင်များက ပထမ၊ဒုတိယ၊ တတိယနှင့်အမျိုးသား၊ အမျိုးသမီးအကောင်းဆုံးဆုရရှိကြသောအားကစားသမားများအား ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ တံခွန်စိုက်ဆုဖလားသည် အမျိုးသား(Elite)ပြိုင်ပွဲများဖြစ်သော ၁၀၀-ကီလိုမီတာ တာဝေးပြိုင်ပွဲနှင့် ၂၆-ကီလိုမီတာ Criterium ပြိုင်ပွဲ၏ရမှတ်များကို စုပေါင်း၍ အမှတ်အများဆုံးရရှိသော Rangoon Cycling Club အသင်းအား တံခွန်စိုက်ဆုဖလားချီးမြှင့်ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲများကို ဇွန်၂၆ရက်မှ ဇွန်၂၈ရက်အထိကျင်းပခဲ့ပြီး အားကစားသမား၂၀၀ကျော်၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။


