![]()
၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် ပန်ကြပ်ဆီလတ် ၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းအားကစားနည်း ပြိုင်ပွဲများကျင်းပ
ရန်ကုန် ၊ ဇွန် ၂၃
၂၀၂၆ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် ပန်ကြပ်ဆီလတ် ၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ ၂၁ ရက်နေ့မှ ၂၃ ထိ မောင်မကန် ၊ ကန်သာယာလမ်း ၊ (၁၀)ရက်ကွက် ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ မြန်မာသိုင်းသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပန်ကြပ်ဆီလတ်ပြိုင်ပွဲကို ဇွန်လ ၂၁ ရက်နေ့၌ အတိုက်အားကစားနည်းအမျိုးသား ၊ ကီလိုတန်း ၃ တန်း ၊ အမျိုးသမီး ၊ ကီလိုတန်း ၃ တန်းနှင့် အပြအားကစားနည်း ၆ နည်း ၊ အားကစားနည်း ၈ နည်း ၊ အသင်းပေါင်း ၁၅ သင်း စုစုပေါင်းအားကစားသမား ၄၁ ဦး ပါဝင်ယှဉ်ပြိုင်၍ လည်းကောင်း ၊ ဇွန်လ ၂၁ ရက်နေ့တွင်လည်း ဗိုဗီနမ်အားကစားပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ အတိုက်အားကစားနည်း အမျိုးသား ၊ ကီလိုတန်း ၃ တန်း ၊ အမျိုးသမီး ၊ ကီလိုတန်း ၃ တန်း နှင့် အပြအားကစားနည်း ၆ နည်း ၊ စုစုပေါင်း ၁၂ နည်း ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း ၁၄ သင်း ၊ ပြိုင်ပွဲဝင်အင်အား ၂၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့၍ လည်းကောင်း ၊
ဆက်လက်၍ မြန်မာ့သိုင်းပြိုင်ပွဲ ကို ဇွန်လ ၂၂ ရက် နှင့် ၂၃ ရက်နေ့တွင် ကျင်းပရာ အတိုက် အမျိုးသား ၊ ကီလိုတန်း ၃ တန်း ၊ အမျိုသမီး ၊ ကီလိုတန်း ၃ တန်းနှင့် အပြအားကစားနည်း ၆နည်းကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် အသင်း ပေါင်း ၃၄ သင်း ၊ အားကစားသမား အင်အား ၁၄၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်ဦး ၊ မြန်မာနိုငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့် ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးနောင် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် အတွင်းရေးမှူး ၊ သိုင်းဆရာကြီးများ ၊ နှင့် ဖိတ်ကြားထားသောဧည်သည် တော်များ တက်ရောက်၍ ပထမဆု ၊ ဒုတိယဆု နှင့် ပူးတွဲတတိယဆုရရှိကြသည့်အားကစားသမားများကို အသီးသီးဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ်နှင့် မြန်မာသိုင်းအားကစားနည်းများမှ ကစားသမားအင်အား စုစုပေါင်း ၂၂၆ ဦးပါဝင်ကြောင်းသိရှိရသည်။




