အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် စနူကာပြိုင်ပွဲ ကျင်းပ

ရန်ကုန် ၊ ဇွန် ၂၃

အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်‌နေ့အထိမ်းအမှတ် စနူကာပြိုင်ပွဲကို ဇွန်လ ၂၃ရက်နေ့က ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ၌ ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော် ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း ၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် အတွင်းရေးမှူး နှင့် အလုပ်အမှုဆောင် များ ၊ ပြိုင်ပွဲဝင် အားကစားသမား များတက်ရောက်ကြသည်။

ပြိုင်ပွဲ၌ စနူကာတစ်ဦးချင်းယှဉ်ပြိုင်ကစားနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ပထမဆု ၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသူများကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော် ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ ၊ အဖွဲ့ချုပ်မှ အလုပ်အမှုဆောင်များနှင့်တာဝန်ရှိသူများက ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။