![]()
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း Gold Camp နှင့် Youth Camp တို့မှ ဂျူဒို၊ ဝူရှူးနှင့် တိုက်ကွမ်ဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အင်အားဖြည့်အချိုရည်များ ထောက်ပံ့ပေးအပ်
နေပြည်တော်၊ ဇွန် ၂၃
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့်အတူ လက်ရွေစင်အားကစားလေ့ကျင့်ရေးစခန်း Gold Camp နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း Youth Camp တို့မှ တာဝန်ရှိ သူများလိုက်ပါလျက် ယနေ့ညနေပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ လေ့ကျင့်လျက်ရှိသည့် Gold Camp နှင့် Youth Camp တို့မှ ဂျူဒို၊ ဝူရှူးနှင့် တိုက်ကွမ်ဒိုအားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ၍ အားကစားနည်းအလိုက် ယခင်ရရှိထားသည့် စံချိန်/စံညွှန်းများထက် ပိုမိုကောင်းမွန်အောင် ကြိုးစားလေ့ကျင့်အားထုတ်သွားရန်လိုကြောင်း၊ အားကစားသမားများကို မိမိ၏ သားသမီးများကဲ့သို့ ဂရုစိုက်စောင့်ရှောက်ပြီး သွန်သင်ဆုံးမပေးသွားရန်လိုကြောင်း၊ အုပ်ချုပ်ထောက်ပံ့မှုများနှင့် ပတ်သက်ပြီး လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြပေးသွားရန်နှင့် အားကစားသမားများအနေဖြင့်လည်း နည်းပြဆရာများ၏ သင်ကြားလေ့ကျင့်ပေးမှုအတိုင်း ဂရုစိုက်လိုက်နာသွားရန်နှင့် အောင်မြင်မှုရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ကြိုးစားလေ့ကျင့်သွားရန်လိုကြောင်း၊ မိမိအနေဖြင့်လည်း လိုအပ်သည့် အုပ်ချုပ်/ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများတွင် အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုအားပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီးနောက် လေ့ကျင့်မှုအပြီး ကုန်ခမ်းသွားသည့် အားအင်များ ပြန်လည်ပြည့်ဝစေရန် အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများအတွက် အင်အားဖြည့်အချိုရည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


