အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း Gold Camp နှင့် Youth Camp တို့မှ အားကစားသမားများ၏ နေ့လယ်စာ စားသောက်နေမှုများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် အုပ်ချုပ်သူ/နည်းပြများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဇွန် ၂၂

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲမြင့်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ (စားရိပ်သာ)၌ Gold Camp နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း Youth Camp တို့မှ အားကစားသမားများ၏ နေ့လယ်စာ စားသောက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အုပ်ချုပ်သူ/နည်းပြများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် အားကစားကိုအောင်မြင်အောင် စေတနာထားလေ့ကျင့်ဆောင်ရွက်ပေးသွားရန် လိုကြောင်း၊ အားကစားအောင်မြင်မှုတွင် နည်းပြကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ နည်းပြများသည် ထူးချွန်ထက်မြက်ပြီး ဆရာစိတ်အပြည့်အဝရှိရန်လိုအပ်ကြောင်း၊ ပြောင်းလဲလာသည့် နည်းစနစ်နှင့် ဥပဒေများကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်အောင် အမြဲတမ်း လေ့လာဆည်းပူးမှတ်သားသွားရန် လိုကြောင်း၊ အားကစားတွင် အောင်မြင်မှုရရှိစေရန် ရေတို၊ ရေရှည်စီမံချက်များကို စနစ်တကျရေးဆွဲပြီး လေ့ကျင့်သင်ကြားပေးသွားရန်လိုကြောင်း၊ မိမိအနေဖြင့်လည်း လိုအပ်သည့် အုပ်ချုပ်/ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိစခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားနည်းများ၊ အားကစားနည်းအလိုက် အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြအင်အား စာရင်းများကို ပြုစု၍ ပြန်လည်တင်ပြပေးသွားရန်လိုကြောင်း၊ နည်းပြများကိုလည်း ပြောင်းလဲတိုးတက် လာသည့် နည်းစနစ်များကို လေ့လာနိုင်စေရန် နိုင်ငံခြားသို့ ရွေးချယ်စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း၊ နည်းပြများ သည် မိမိအားကစားသမားများနှင့်အတူ လေ့ကျင့်ချိန်နှင့် စားသောက်ချိန်များတွင် အတူတူ လိုက်ပါ ဆောင်ရွက်မှသာ မိမိအားကစားသမားများ၏ အားနည်းချက်/အားသာချက်များနှင့် စိတ်ပိုင်း ဆိုင်ရာ ခံစားချက်များကို သိရှိနားလည်ပြီး ပံ့ပိုးကူညီပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာကြသူများက အားကစားအောင်မြင်စေရန် နည်းပြနှင့် အားကစား သမား တစ်သားတည်းဖြစ်ရန်လိုအပ်ကြောင်း၊ နည်းပြများအနေဖြင့် အားကစားသမားများက အတုယူ လေးစားအားကျရအောင်၊ နည်းပြကောင်းများဖြစ်အောင် ပြုမူပြောဆိုနေထိုင်သွားရန်လိုကြောင်း၊ နည်းပြ များအနေဖြင့် အားကစားသမားတစ်ဦးချင်း၏ လိုအပ်ချက်များကို မှတ်သားပြီး သင့်လျော်သည့် Training Programme များကို နားလည်တတ်ကျွမ်းသူများနှင့်ပေါင်းစပ်ညှိနှိုင်းပြီး စနစ်တကျ ရေးဆွဲလေ့ကျင့် သင်ကြားပေးသွားနိုင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေး ပြောကြား ခဲ့ပြီးနောက် Gold Camp နှင့် Youth Camp တို့မှ အုပ်ချုပ်သူ/နည်းပြများက အားကစားနည်းအလိုက် လက်ရှိလေ့ကျင့်နေမှုအခြေအနေများ၊ အားကစားသမားအင်အားစာရင်းများ၊ အားကစား အထောက်အကူပြုပစ္စည်းများနှင့် လေ့ကျင့်ရေးသုံးပစ္စည်း လိုအပ်မှုအခြေအနေများကို အသီးသီး တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက အားကစားကဏ္ဍ ပိုမိုတိုးတက်မြင့်မားစေရေးနှင့် လာမည့်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ကာလ အနည်းငယ်သာ လိုတော့သည်ဖြစ်၍ ထပ်တိုးစခန်းသွင်းလေ့ကျင့်မည့် အားကစားနည်းများအား အမြန်ဆုံးလေ့ကျင့် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ Youth Camp ရှိ လူငယ်အားကစားသမားများထဲမှ ကြိုးစားအားထုတ်မှုရှိပြီး အရည်အချင်းပြည့်မီသူများကို Gold Camp တွင် ပြောင်းလဲလေ့ကျင့်နိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အောင်မြင်မှုဆုတံဆိပ်များ ရရှိစေရန်အတွက် ယခင်ထက် ပိုမို ကြိုးစားအားထုတ်လေ့ကျင့်သွားရန်လိုကြောင်း၊ မိမိအနေဖြင့်လည်း အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌ များနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အုပ်ချုပ်သူ၊ နည်းပြများ၏ တင်ပြချက်များ၊ အခက်အခဲများနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။