အားကစားရေးရာဝန်ကြီးဌာန

Loading

အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် နပန်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန် ၊ ဇွန် ၂၀

၂၀၂၆ ခုနှစ် ၊ အားကစား‌ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်‌နေ့ အထိမ်းအမှတ် နပန်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ုကုန်မြို့ ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံအားကစားကွင်းရှိ မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ် ၌ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် အမျိုးသား( – 45Kg ) ၊ ( – 48Kg ) ၊ ( – 51Kg ) ၊ ( – 53 Kg ) ၊ ( – 55 Kg ) ၊ ( – 60 Kg ) ပြိုင်ပွဲများ၌ ပထမဆု ၊ ဒုတိယဆုနှင့် ပူးတွဲတတိယဆုရရှိကြသူများ ၊ အမျိုးသမီး ( -34 Kg ) ၊ ( – 36 Kg ) ၊ ( – 38 Kg ) ၊ ( – 40 Kg ) ၊ ( – 43 Kg ) ၊ ( – 46 Kg ) ၊ ( – 49 Kg ) ၊ ( – 50 Kg ) ၊ (- 53 Kg ) ၊ ( – 57 Kg ) တန်း ပြိုင်ပွဲများတွင် ပထမဆု ၊ ဒုတိယဆု နှင့် ပူးတွဲတတိယဆု ရရှိကြသူများကို မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဆန်း ၊ ရန်ကုန်တိုင်း နပန်းဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်မြင့်ဦး ၊ အဖွဲ့ချုပ်အတွင်းရေးမှူး ဒေါ်သီတာမွန် နှင့် အမှုဆောင်များက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းပြိုင်ပွဲတွင် အမျိုးသား ( ၆ )တန်း ၊ အမျိုးသမီး ( ၁၀ )တန်း ၊ စုစုပေါင်း ( ၁၆ )တန်း ၊ မျိုးဆက်သစ်အားကစားသမား ၁၀၀ ကျော် ယှဉ်ပြိုင် ပါဝင်ခဲ့ကြောင်း သိရသည်။