အားကစားရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ရိုးရာလက်ဝှေ့ပြိုင်ပွဲ နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၁၆

၂၀၂၆ ခုနှစ် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ရိုးရာလက်ဝှေ့ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယ‌နေ့ည‌နေပိုင်းက ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် သိမ်ဖြူလက်ဝှေ့ရုံတွင်ကျင်းပသည်။

ပြိင်ပွဲများအပြီးတွင် အမျိုးသား (၆၀) KG ( ဂ )တန်း ပြိုင်ပွဲ၌ ပထမဆုရ နေထက်နိုင် (ဗိုလ်တစ်ထောင်) ၊ ဒုတိယဆုရ ထက်လင်းဦး ( ဒလ ) ၊ ပူတွဲ တတိယဆုရ ထက်ဝေယံ( လမ်းမတော်) နှင့် သန်းလင်းအောင် (ထန်းတပင်) ၊ အမျိုးသား (၆၃.၅) KG ( ဂ )တန်းပြိုင်ပွဲတွင် ပထမဆုရ ထွန်းထွန်းထက် ( သာကေတ ) ၊ ဒုတိယဆုရ တိုးခန့်ဇော် ( မင်္ဂလာဒုံ ) ၊ ပူးတွဲတတိယဆုရ စည်သူအောင် ( ဒေါပုံ ) နှင့် ရဲမွန်ကျော် ( ဒဂုံဆိပ်ကမ်း ) ၊ အမျိုးသား ( လူသစ်တန်း ) ပြိုင်ပွဲတွင် အကောင်းဆုံးဆုရ လင်းသူရအောင် (ဒဂုံတောင် ) နှင့် အမျိုးသား ( ၆၃.၅ ) KG ( ဂ ) တန်းပြိုင်းပွဲတွင် အ‌ကောင်းဆုံးဆုရ ထွန်းထွန်းထက် ( သာကေတ ) ၊ အမျိုးသမီး ( လူသစ်တန်း )ပြိုင်ပွဲတွင် အကောင်းဆုံးဆုရ နော်အယ်ဆဲဗော ( လှိုင်သာယာ အရှေ့ ) ၊ အမျိုးသား (လူသစ်တန်း ) ပြိုင်ပွဲတွင် ပထမဆုဖလားရရှိသည့် ( လှိုင်သာယာ အနောက်ပိုင်း ) မြို့နယ် ၊ အမျိုးသား ( ၆၀ ) KG ( ဂ )တန်း ပြိုင်ပွဲတွင် ပထမဆုဖလားရရှိခဲ့သည့် ( ဗိုလ်တစ်ထောင် ) မြို့နယ် နှင့် အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုဖလား ရရှိခဲ့သည့် ( တွံ‌တေး )မြို့နယ်အသင်း တို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်လွင်တို့ က လည်ဆွဲဆုတံဆိပ် ၊ ဆုကလပ် ၊ ငွေသားဆုများနှင့် ဆုဖလားတို့ကို အသီးသီးပေးအပ်ချီးမြှင့်၍လည်းကောင် ၊ ရွှေတံဆိပ် ၃ခု ၊ ငွေတံဆိပ် ၁ခု ဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားကို ရရှိသွားသည့် လှိုင်သာယာ (အနောက်) မြို့နယ်အား

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ မြို့နယ် များမှအမျိုးသား ၁၄၅ ဦး ၊ အမျိုးသမီး ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီးပြိုင်ပွဲကိုဇွန်၁၂ရက်မှ ၁၆ ရက်နေ့ အထိနေ့ထိကျင်းပခဲ့ကြောင်းသိရှိရသည်။