အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး နှင့် ဝန်ထမ်းများတွေ့ဆုံပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၊ ဇွန် ၁၆

အားကစားနှင့် ကာယပညာဦးစီးဌာန ၊အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး နှင့် ဝန်ထမ်းများတွေ့ဆုံ ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀ : ၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ စားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ဌာနခွဲအလိုက် အရာထမ်း၊ အမှုထမ်းများ ၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးကျောင်းမှ ဆရာ/ ဆရာမများနှင့် အားကစားနည်းအလိုက် တာဝန်ခံများ စုစုပေါင်း (၂၈၂)ဦး တက်ရောက်ခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့၏ လုပ်ငန်းတာဝန်များ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များ၊ နေထိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲရှိပါက ပွင့်ပွင့် လင်းလင်းတင်ပြကြစေလိုကြောင်း၊ ရုံးလုပ်ငန်းတာဝန်များကိုထမ်းဆောင်ရာတွင် ဝန်ထမ်း စိတ်ဓာတ်၊ အဖွဲ့အစည်းစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ဖြင့် ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ၊ ကျောင်းပတ်ဝန်းကျင် အမြဲသန့်ရှင်းသပ်ရပ် သာယာလှပစေရန် နှင့် စနစ်တကျရှိစေရန် အားလုံးပါဝင်ဆောင်ရွက်ကြရန်၊ ဌာနခွဲတိုင်း ဟန်ချက်ညီညီ အချိတ်အဆက်မိမိ ဆောင်ရွက်ခြင်းနှင့် အပြန်အလှန် လေးစားမှုရှိလျင် မိမိတို့ကျောင်း အောင်မြင်တိုးတက်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသော ဌာနခွဲအသီးသီးမှ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး က လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနိဂုံးချုပ်အမှာစကားပြောကြား၍ ဌာနစိတ်အလိုက်ဝန်ထမ်းများအား အသုံးအဆောင်ပစ္စည်းများကို မဲနှိုက်ပေးကာ သက်သာပစ္စည်းများ ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။