![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ
နေပြည်တော်၊ ဇွန် ၁၁
ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီမှ စတင်၍ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။
ယနေ့ ဘော်လီဘော(အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကချင်ပြည်နယ် အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော(အမျိုးသား)အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ချင်းပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း ပဲခူးတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ နံနက် ၈ နာရီမှစတင်၍ တောင်ကြီးမြို့၊ မိုးလုံလေလုံအားကစားရုံ၌ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘော(အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မန္တလေး တိုင်းဒေသကြီးအသင်းနှင့်မကွေးတိုင်းဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့်ရခိုင်ပြည်နယ် အသင်း၊ ကချင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီး အသင်း၊ ချင်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်း၊ ဘော်လီဘော(အမျိုးသား) အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့်ရခိုင်ပြည်နယ်အသင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့်ကရင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။


