![]()
အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေး၊ ဇွန် ၄
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံရှိ ဘော်လီဘောအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ အလှူရှင်များ၊ ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)မှ အရာထမ်း၊အမှုထမ်းများ၊ ဆရာ၊ဆရာမများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က အဖွင့်အမှာ စကားပြောကြား၍ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီက ဆက်လက်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အလှူရှင်များက အားကစားနှင့်ကာယပညာကျောင်းအကျိုးတော်ဆောင်ရန်ပုံငွေသို့ အလှူရှင်များမှ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးတို့က အသီးသီး လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်ခဲ့ပြီးနောက် (မန္တလေး)ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီးနောက် တာဝန်ရှိပုဂ္ဂိုလ်များက သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားကစားနည်းအလိုက် ခင်းကျင်းပြသထားသည့် အားကစားအထောက်အကူပြုပစ္စည်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။








ထို့နောက် အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီသည် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ရှိ ဘော်လီဘောအားကစားခန်းမ၌ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)မှ ဝန်ထမ်များ၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မန္တလာသီရိအားကစားကွင်းမှ ဝန်ထမ်းများအား တွေ့ဆုံပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ဦးစွာဒုတိယဝန်ကြီးဦးညီညီက အဖွင့်အမှာစကားပြောကြား၍ တက်ရောက်လာသည့် အရာထမ်း၊အမှုထမ်းများမှ တင်ပြလာသည့်အပေါ် ဒုတိယဝန်ကြီးကပြန်လည်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကိုအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စားရိပ်သာခန်းမ၌ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ အထူးနေ့လယ်စာ သုံးဆောင်အပြီးတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)မှ ငလျင်ဒဏ်သင့်ခဲ့သည့် အဆောက်အဦများအတွက် အသစ်တည်ဆောက်ရေးလုပ်ငန်းများစတင်နေမှုနှင့် မြေနေရာများအား လိုက်လံကြည့်ရှုခြင်းနှင့် မန္တလာသီရိအားကစာကွင်း ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။




