အားကစားရေးရာဝန်ကြီးဌာန

Loading

Jakarta International Roller Skating Championships 2026,Indonesiaပြိုင်ပွဲတွင်မြန်မာ‌အသင်း ရွှေတံဆိပ်သုံးခု ၊ ကြေးတံဆိပ်တစ်ခုဆွတ်ခူး ၍ ပြန်လည်ရောက်ရှိကြိုဆို

ရန်ကုန် ၊ ဇွန် ၃

အင်ဒိုနီးရှားနိုင်ငံ၌ မေလ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပသော Jakarta International Roller Skating Championships 2026, Indonesia ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု စကိတ်အားကစားအသင်း‌ ရွှေတံဆိပ်သုံးခု ၊ ‌ ကြေးတံဆိပ်တစ်ခုဆွတ်ခူးရရှိခဲ့‌ ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင် မီတာ၅၀၀ တစ်ဦးချင်းပြိုင်ပွဲတွင် စီနီယာတန်း ၊ အသက် ၁၆နှစ်‌အောက် ၊အသက် ၁၈နှစ်‌ အောက်တို့တွင် ရွှေတံဆိပ်တစ်ခုစီ ၊‌ မီတာ ၁၀၀၀၀ relay (လက်ဆင့်ကမ်း) အသင်းလိုက်ကစားရသော event မှ ရရှိခဲ့သည့် event အား ခြေစစ် အဆင့်တွင် ကာဇက်စတန်၊ အိန္ဒိယ၊ စင်္ကာပူ၊ အင်ဒိုနီးရှားအသင်းများနှင့်လည်းကောင်း၊ ဖိုင်နယ်တွင် ကာဇက်စတန် နှင့် အိန္ဒိယအသင်းများနှင့်ယှဉ်ပြိုင်ခဲ့ရပြီး တတိယ ကြေးတံဆိပ်ဆုရရှိခဲ့ပြီး နိုင်ငံအလိုက်အဆင့် ၆ ရရှိခဲ့သည်။

ယင်းပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံ ၊ ကိုရီးယား ၊ တရုတ်(တိုင်ပေ) ၊ မွန်ဂိုလီးယား ၊ စင်္ကာပူ ၊ အင်ဒိုနီးရှား ၊ဗီယက်နမ် ၊ ကာဇက်စတန်နိုင်ငံတို့ပါ၀င်ပြီး အားကစားသမား တစ်‌ ထောင်‌ကျော်၀င်‌ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ကိုဟိန်းဇော်သိန်း (နည်းပြ/ကစားသမား) ဦးဆောင်သော အားကစားအဖွဲ့နှင့်အတူ သာကေတ မြို့နယ် ၊ အထက(၃) မှ ကစားသမားများဖြစ်သူ မောင်စစ်ပိုင်မှူး ၊ မောင်ဇေယျာလင်း တို့သည် ယနေ့မွန်းလွဲပိုင်း က ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာရာမြန်မာနိုင်ငံစကိတ်အဖွဲ့ချုပ်ဒုတိယဥက္ကဌများ‌ဖြစ်ကြ‌သော ဦးလွင်လတ် ၊ ဦးအောင်မြင့်ထွန်းနှင့်အမှုဆောင်များ ၊ အားကစားနှင့် ကာယပညာဦးစီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ အားကစာနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှ နည်းပြ / နည်းစနစ်မှူးများ၊ အားကစားသမားများ ၊ မိဘ‌ဆွေမျိုးများကကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်းသိရှိရသည်။