အားကစားရေးရာဝန်ကြီးဌာန

Loading

(၂၁)ကြိမ်မြောက်အာရှနှင့်သမုဒ္ဒရာပိုင်းဆိုင်ရာ ဒေသတွင်း အားကစားကဏ္ဍတားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအတွက်အစိုးရပိုင်းဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဒေသတွင်း ဆွေးနွေးပွဲသို့ တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲမြင့်ထွန်း ပြည်ပထွက်ခွာ

ရန်ကုန်၊ မေ ၃၁

၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်မည့် (၂၁)ကြိမ်မြောက် အာရှနှင့်သမုဒ္ဒရာပိုင်းဆိုင်ရာဒေသတွင်း အားကစားကဏ္ဍ တားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအတွက် အစိုးရပိုင်းဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဒေသတွင်း ဆွေးနွေးပွဲသို့တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ဦးဆောင်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် မှ ပါမောက္ခဒေါက်တာဒေါ်သန်းသန်းဌေး တို့သည် ယနေ့ နံနက် ၁၁: ၂၅ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှလေယာဉ်အမှတ်( CZ-3056)ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း နှင့် တာဝန်ရှိသူများက လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။