![]()
အားကစားရေးရာဝန်ကြီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခု၏ အိတ်ဖွင့်တင်ဒါ ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကျင်းပ
နေပြည်တော်၊ မေ ၂၅
အားကစားရေးရာဝန်ကြီးဌာန၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခု၏ အိတ်ဖွင့်တင်ဒါဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် ကြမ်းခင်းဈေးအောင်မြင်သူများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ရွေးချယ်ပြီး တည်ဆောက်ရေးလုပ်ငန်းများတွင် သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းနှင့်ပြည့်မီစေရေးအတွက် တင်ဒါခေါ်ယူရာတွင် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး Lot များအလိုက် ကုမ္ပဏီများမှ တင်ဒါတင်သွင်းထားသည့် စာရွက်စာတမ်းများနှင့် အချက်အလက်များ ပြည့်စုံမှု ရှိ/မရှိအား တာဝန်ရှိသူများ၏ ဖွင့်ဖောက်စစ်ဆေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အိတ်ဖွင့်တင်ဒါ တင်ယူထားသည့် သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။




