အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန၏ ရက်(၁၀၀) စီမံချက်ဖြင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ ဘော်လီဘောကွင်း(၁၀) ကွင်းအတွက် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား ကျင်းပ

ရန်ကုန် ၊ မေ ၁၇

ဘော်လီဘောအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး အားကစားရေးရာဝန်ကြီးဌာန၏ ရက်(၁၀၀) စီမံချက်ဖြင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ ဘော်လီဘော ကွင်း(၁၀)ကွင်းစာအတွက် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ပွဲရုံ၌ ကျင်းပခဲ့သည်။

ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အားကစားရေးရာဝန်ကြီးဌာန၏ ရက်(၁၀၀) စီမံချက်ဖြင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ ဘော်လီဘောကွင်း(၁၀)ကွင်းစာအတွက် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲနိုင်က ဘော်လီဘောကွင်း(၁၀)ကွင်းစာအတွက် ကျပ်သိန်း ၂၅၀ တန်းဖိုးရှိ ဆက်စပ်ပစ္စည်းများဖြစ်သည့် ဘော်လီဘောတိုင် ၂၀ တိုင်၊ ဘောလုံး ၂၀ လုံး၊ ပိုက် ၁၀ ခု၊ ANTENNA ၂၀ ခု စသည့်တို့ကို ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။