![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ လက်ခံ ကျင်းပမည့် ပဲခူးတိုင်းဒေသကြီး ပဲခူးဇုန်ရှိ အားကစားကွင်းနှင့် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ နေထိုင်စားသောက်မည့် အိပ်ဆောင်နှင့် စားသောက်ဆောင် ပြင်ဆင်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မေ ၁၃
အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွှဲပိုင်းတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ပဲခူးတိုင်း ဒေသကြီး ပဲခူးဇုန်ရှိ အားကစားကွင်းနှင့် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ နေထိုင်စားသောက်မည့် အိပ်ဆောင်နှင့် စားသောက်ဆောင် ပြင်ဆင်ထားရှိမှု အခြေအနေတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ပဲခူးတိုင်းဒေသကြီး အားကစားဥယျာဉ်သို့ သွားရောက်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လာရောက်ကြမည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်း၊ ချင်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း(၃)သင်းတို့မှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ နေထိုင်စားသောက်မှုများ အဆင်ပြေချောမွေ့စေရေးနှင့် အားကစားသမားများ စိတ်အေးချမ်းသာစွာဖြင့် အိပ်ရေးဝဝ အိပ်စက်အနားယူနိုင်စေရန် အတွက် အိပ်ဆောင်များနှင့် အိပ်ဆောင်အတွင်း အဲယားကွန်း တပ်ဆင်ထားရှိမှုအခြေအနေများ၊ ပြိုင်ပွဲဝင်အသင်းများ လေ့ကျင့်မှုများပြုလုပ်နိုင်ရန် လေ့ကျင့်ရေးကွင်း ပြင်ဆင် ထားရှိမှုများနှင့် ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်စေရေးတို့အတွက် ပြိုင်ပွဲကွင်း ပြင်ဆင်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားအဖွဲ့များ နေထိုင်စားသောက်မှုများ၊ လေ့ကျင့်မှုများနှင့် ပြိုင်ပွဲကာလအတွင်း အဆင်ပြေချောမွေ့စွာ သက်တောင့်သက်သာ နေထိုင်နိုင်စေရေး၊ ရေ၊ မီး၊ မိလ္လာများ ကောင်းမွန်စေရေး၊ ရေသုံးစွဲမှု အဆင်ပြေစေရေးနှင့် ရေလုံလောက်စွာ ရရှိစေရေးတို့အတွက် လစ်ဟင်းမှုများမရှိအောင် စနစ်တကျ စီမံဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။


