![]()
လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp) ၌စခန်းဝင်လေ့ကျင့်ရန် ရောက်ရှိလာသည့် အားကစားသမားများအား Physical Test နှင့် Skill Test စစ်ဆေးခြင်းများပြုလုပ်
နေပြည်တော်၊ မေ ၉
အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ၏ လမ်းညွှန်မှာကြားချက်အရ လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp) တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်ခင်မေဌေးသည် ရုံးအဖွဲ့မှ တာဝန်ရှိသူများ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူ၊ နည်းပြများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်များမှ Grade-12 ဖြေဆိုပြီး၍ အရည်အချင်းပြည့်မီသည့်အတွက် လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp) ၌စခန်းဝင်လေ့ကျင့်ရန် ရောက်ရှိလာသည့် အားကစားသမားများအား Physical Test နှင့် Skill Test စစ်ဆေးခြင်းများကိုပြုလုပ်ခဲ့သည်။
ယနေ့နံနက် ၆ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများ၌ မြားပစ်၊ ပြေးခုန်ပစ်(တာတို၊ တာလတ်၊တာဝေး၊ လမ်းလျှောက်၊ အပစ်)၊ လက်ဝှေ့၊ ဂျူဒို၊ ကရာတေး၊ ပီတန်း၊ ပိုက်ကျာ်ခြင်း၊ တိုက်ကွမ်ဒို၊ အလေးမနှင့် ဝူရှူး အားကစားနည်းများအတွက် အရည်အချင်းပြည့်မီ၍ ရောက်ရှိလာသည့် အားကစားသမားများအား ရက်ပေါင်း(၄၀)ထိ စောင့်ကြည့်ဆန်းစစ်မနေဘဲ အမှန်တကယ် အရည်အချင်းရှိသည့် အားကစားသမားများကို စခန်းဝင်ဆန်းစစ်ခြင်းနှင့် အားကစားနည်း စစ်ဆေးမှုများပြုလုပ်ပြီး စခန်းသွင်းလေ့ကျင့်နိုင်ရေးအတွက် စိစစ်ရွေးချယ်၍ အရည်အချင်းပြည့်မီခြင်း မရှိသော အားကစားသမားများကို ပြန်လည်အင်အားလျှော့နိုင်ရေးအတွက် ကိုယ်ခန္ဓာကြံ့ခိုင်မှု စစ်ဆေးခြင်း(Physical Test) နှင့် အားကစားနည်းအလိုက် နည်းစနစ်ကျွမ်းကျင်မှု ( Skill Test ) စစ်ဆေးခြင်းများကိုပြုလုပ်ခဲ့ကြောင်းသိရသည်။


