![]()
အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ ၂၀၂၆ခုနှစ်၊ လူငယ်နှင့်အားကစားဆိုင်ရာ အရှေ့တောင်အာရှဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်ရန်ပြည်ပထွက်ခွာ
ရန်ကုန်၊ မေ ၃
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက်မှ ၅ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီမြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ်၊ လူငယ်နှင့်အားကစားဆိုင်ရာ အရှေ့တောင်အာရှဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်ရန် အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ ဦးဆောင်၍ ဝန်ကြီးရုံး လက်ထောက်အတွင်းဝန်ဦးထွန်းသန့် တို့သည် ယနေ့ နံနက် ၁၀: ၂၅ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။


