![]()
(၆)ကြိမ်မြောက်အာရှသဲသောင်ပြင်ပြိုင်ပွဲတွင်ကြေးတံဆိပ်ဆု သုံးခု ရရှိခဲ့သည့် မြန်မာတက်ဂ်ဘောအသင်းပြန်လည်ရောက်ရှိ ကြိုဆို
ရန်ကုန် ၊ ဧပြီ ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ Sanyaမြို့တွင် ဧပြီလ၂၃ရက်မှ ၂၇ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် 6th ASIAN BEACH GAMES SANYA 2026 (၆) ကြိမ်မြောက်အာရှသဲသောင်ပြင်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု (၃)ခု ဆွတ်ခူးရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် မြန်မာတက်ဂ်ဘောအသင်းအား အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဦးစိုးမိုးကျော်၊ဦးချစ်ကိုကို တို့ ဦးဆောင်ပြီး အုပ်ချုပ်သူ/နည်းပြ ၊ ကစားသမား စုစုပေါင်း(၁၂)ဦးတို့သည် ယနေ့ နံနက် ၁၀:၁၅ နာရီ အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မင်းသန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) မှ နည်းပြ/နည်းစနစ်မှူးများ ၊ မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဖြိုးဇာနည်နှင့်အမှုဆောင်များ မိဘဆွေမျိုးများက ပန်းကုံးများဖြင့် ဝမ်းပန်းတသာကြိုဆိုခဲ့ကြသည်။
ပြိုင်ပွဲတွင် မြန်မာအပါအဝင် ထိုင်း ၊ DPR KOREA ၊ အီရတ် ၊ လက်ဘနွန် ၊ တရုတ် ၊ ဗီယက်နမ် ၊ လာအို ၊ ကမ္ဘောဒီးယား ၊ ဖိလစ်ပိုင် ၊ မလေးရှား ၊ ဘရူနိုင်း ၊ ကူဝိတ် စသည့် နိုင်ငံပေါင်း ၁၃နိုင်ငံပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် Men’s Double ပြိုင်ပွဲ၌ ပထမဆုကို ထိုင်းအသင်း၊ဒုတိယဆုကို အီရတ်အသင်း၊ပူးတွဲတတိယဆုအနေဖြင့် မြန်မာအသင်းနဲ့ လက်ဘနွန်အသင်း ၊ Women’s Doubles ပြိုင်ပွဲတွင် ပထမဆုကို ထိုင်းအသင်း၊ဒုတိယဆုကို DPR Korea အသင်း နှင့် ပူးတွဲတတိယဆုကို မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်း ၊ Mixed’s Doubles ပြိုင်ပွဲတွင် ပထမဆုကို ထိုင်းအသင်း၊ဒုတိယဆုကို DPR Korea အသင်း နှင့် ပူးတွဲတတိယဆုကို မြန်မာအသင်းနှင့်တရုတ်အသင်းတို့မှ ဆွတ်ခူးရရှိခဲ့ကြကြောင်းသိရှိရသည်။


