အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ဝင်းအား သွားရောက်ကြည့်ရှုစစ်ဆေး၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲအား ကြည့်ရှု အားပေး

ရန်ကုန်၊ ဧပြီ ၂၆

အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင် တည်ဆောက်နိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီးသည် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ အရှေ့ဘက်ပွဲကြည့်စင် ၊ မြောက်ဘက်ပွဲကြည့်စင် ၊ အနောက်ဘက်ပွဲကြည့်စင် ၊ အထူးတန်းပွဲကြည့်စင်နှင့် တောင်ဘက်ပွဲကြည့်စင်များရှိ ပျက်စီးနေသော အဆောက်အဦအနေအထားများ၏ လက်ရှိအခြေအနေများ ၊ ဘော်လီဘော အားကစားရုံ၊ အမျိုးသား/အမျိုးသမီးအားကစားသမားအိပ်ဆောင်များနှင့် စားရိပ်သာတို့အား အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ၊ လျာထားသတ်မှတ်ထားသည့် အပိုင်းလိုက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများကို မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံသို့ ရောက်ရှိရာ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် အားကစားသမားတို့ကကြိုဆိုကြပြီး၂၀၂၆ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၌ မှော်ဘီဘော်လီဘောအသင်းနှင့်အင်းစိန်ဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။