အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)အားကစားနည်းပြမွမ်းမံသင်တန်း (၁/၂ဝ၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်၊ ဧပြီ ၂၃

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အားကစားနည်းပြမွမ်းမံသင်တန်း (၁/၂၀၂၆)သင်တန်းဖွင့်ပွဲ အခမ်းအနားကိုယနေ့နံနက်(၀၈: ၀၀)နာရီ အချိန်တွင် တာမွေမြို့နယ်၊ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်းခန်းမ၌ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ဒုတိယကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ အားကစား နှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့်နည်းပြသင်တန်း(၁/၂၀၂၆)ကို ရည်ရွယ်ချက် (၃)ရပ်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ၏ ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ၊အားကစားနည်းအလိုက် ခေတ်နဲ့အညီ ပြောင်းလဲနေသည့်နည်းစနစ်များ၊ နည်းဥပဒေသများကို သိရှိနိုင်စေရန်၊ အရည်အချင်း ပြည့်ဝသည့်နည်းပြများပေါ်ထွက်လာစေရန်၊ အားကစားသမားများကို နည်းစနစ်ပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာတွေမှာ နည်းစနစ်တကျ သင်ကြားနိုင်စေရန်၊ အားကစားလေ့ကျင့်ရေးနှင့် ယှဉ်ပြိုင်မှုတိုင်းတွင် အားကစားသိပ္ပံကဏ္ဍကို မျက်ခြေ မပြတ်စေဘဲ စဉ်ဆက်မပြတ်လေ့လာနိုင်စေရန်ရည်ရွယ်ပြီးဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အားကစားဟာလူတစ်ယောက်ရဲ့ ကျန်းမာရေး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးတို့မှာ အရေးပါသောအခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေပါကြောင်း၊ အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်အတွက် အားကစားသမားတွေသာမက အရည်အချင်း ပြည့်ဝသော နည်းပြများရှိရန်လည်း အလွန်အရေးကြီးပါကြောင်း၊ နည်းပြတစ်ဦးသည် အားကစားသမားများကို နည်းစနစ် သင်ကြားပေးနိုင်ရုံသာမက လမ်းညွှန်မှုပေးနိုင်သူ၊ စိတ်ဓာတ်တက်ကြွစေရန်အတွက် လှုံ့ဆော်မှုပေးနိုင်သည့် ခေါင်းဆောင် တစ်ဦးဖြစ်ရန်လည်းလိုအပ်ပါကြောင်း၊ နည်းပြများရဲ့ အရည်အချင်းပြည့်ဝမှု ၊ အရည်အသွေးမြင့်မားမှုဟာ အားကစား လောကအောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါကြောင်း၊ ဒီသင်တန်းကတစ်ဆင့် သင်တန်းသား/သင်တန်းသူများ အသိပညာ၊ အတတ်ပညာအသစ်များရရှိပြီး နည်းပြများအချင်းချင်း အားကစားနည်းပညာ Network ချိတ်ဆက်မှုများ တိုးချဲ့နိုင်သည့်အခွင့်အလမ်းကောင်းများရရှိပြီး အချိန်ကိုတန်ဖိုးထားကာသင်တန်းမှပို့ချသည့် သင်တန်းနည်းပြ ဆရာ/ ဆရာမများ၏ ဟောပြောပို့ချသည့် သင်ခန်းစာများကို တက်တက်ကြွကြွ လေ့လာမှတ်သားကြစေလိုကြောင်း၊ သင်တန်းက ရရှိလာသည့် အတွေ့အကြုံကောင်းများကို မိမိတို့ရဲ့ လုပ်ငန်းခွင်များမှာ ပြန်လည်အသုံးချပြီး အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းသား(၁၇)ဦး၊ သင်တန်းသူ(၁၇)ဦး စုစုပေါင်း(၃၄)ဦးတို့ဖြင့် ၂၃-၄-၂ဝ၂၆ ရက်နေ့မှ ၈-၅-၂၀၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးပြီး စာတွေ့၊ လက်တွေ့နှင့် အရည်အချင်းစစ်စာမေးပွဲများကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရှိရသည်။