အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ခုနှစ်၊ နွေရာသီအခြေခံမြားပစ်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ၊ မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ခုနှစ်၊ နွေရာသီအခြေခံမြားပစ်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်၌ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးကျော်ဦး၊ အထွေထွေအတွင်းရေးမှူး၊ အမှုဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့ပါသည်။

ဦးစွာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးကျော်ဦး ကသင်တန်းသား/ သင်တန်းသူများ၏ တစ်ဦးချင်းပြိုင်ပွဲ ပစ်ခတ်နေမှုများအား ကြည့်ရှုအားပေးပြီး အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော စံမင်းမြတ်အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်အောင်မာဝင်းကလည်းကောင်း၊ ဒုတိယဆုရရှိသော သူရိန်ဝင်းနှင့် တတိယဆုရရှိသော ပိုင်ဘုန်းပြည့်တို့အား မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နည်းပြ ဒေါ်သူဇာ ကလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော သိမ့်သီရိထက်အား မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီကလည်းကောင်း၊ ဒုတိယဆုရရှိသော ဇာခြည်အောင်နှင့် တတိယဆုရရှိသော အေးချမ်းမြင့်မြတ်တို့အား မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် နည်းပြ ဒေါ်သီသီဝင်း ကလည်းကောင်း ပေးအပ်ခဲ့ပြီး၊ သင်တန်းဆင်း လက်မှတ်များအား မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် အမှုဆောင် ဒေါ်ထွေးထွေးဝင်း က ပေးအပ်ရာ သင်တန်းသား/သင်တန်းသူများက လက်ခံရယူခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးကျော်ဦး က အကောင်းဆုံးအမျိုးသားအားကစားသမားဆုရရှိသော စံမင်းမြတ် နှင့် အကောင်းဆုံး အမျိုးသမီးအားကစားသမားဆု ရရှိသော ခင်ပြည့်လင်းလက် တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အဆိုပါနွေရာသီအခြေခံမြားပစ်သင်တန်းကို ၁.၃.၂၀၂၆ ရက်နေ့မှ ၃၁.၃.၂၀၂၆ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၂၁ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။