အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော နည်းပြ/နည်းစနစ်ရာထူးနေရာများတွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းများကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် လစ်လပ် လျက်ရှိသည့် နည်းပြ/နည်းစနစ် ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် အမျိုးသား(၄)ဦး၊ အမျိုးသမီး(၁၂)ဦး၊ စုစုပေါင်း(၁၆)ဦးတို့အား ရေးဖြေစာမေးပွဲ စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall (ဘက်စုံသုံးခန်းမ) ၌ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ နည်းပြ/နည်းစနစ် ရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)တွင် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသည့် ဝန်ထမ်းများအား ရေးဖြေစာမေးပွဲ စစ်ဆေးခဲ့သည်။ ၎င်းတို့အနက်မှ အောင်မြင်သူများအား ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကြံ့ခိုင်စွမ်းရည် နှင့် အဓိကအားကစားနည်းစစ်ဆေးခြင်းများကိုလည်းကောင်း၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် လူတွေ့ စစ်ဆေးခြင်းကိုလည်းကောင်း ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။