![]()
(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကရင် ပြည်နယ်၊ ဘားအံမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင် ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီနာယက ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကရင်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီဝင်များနှင့် ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ပြီး ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့၊ ကရင်တိုင်းရင်းသား ဒုံးယိမ်းအဖွဲ့များ၊ မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ပအိုဝ်းတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကြိုဆိုခဲ့သည်။
ဦးစွာ အခမ်းအနား ပထမပိုင်း အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်တို့က ဇွဲကပင်မိုးလုံလေလုံ အားကစားရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းနှင့် စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးခဲ့ပြီး အားကစားရုံဖွင့်ပွဲအခမ်းအနားအတွက် အားဖြည့်ပါဝင်ကူညီပေးခဲ့သော ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့၊ ကရင်တိုင်းရင်းသား ဒုံးယိမ်းအဖွဲ့များ၊ မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ပအိုဝ်းတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ အား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ် ဝန်ကြီးချုပ်တို့နှင့်အတူ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းနှင့် ဇွဲကပင်မိုးလုံလေလုံ အားကစားရုံ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်း၍ အားကစားရုံအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး ဒုတိယပိုင်းအစီအစဉ်အဖြစ်ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး”ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားကစားကဏ္ဍသည် အဓိကကျသည့် ကဏ္ဍတစ်ရပ်ဖြစ်သည့်အတွက် အားကစားကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်အောင် နိုင်ငံသားအားလုံး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်း ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်းကိုမြှင့်တင်ရာတွင် Human Resource ဖြစ်သည့် အားကစားသမား၊ နည်းပြ၊ ဒိုင်လူကြီးများ၏ အခန်းကဏ္ဍသည် အရေးကြီးသကဲ့သို့ နိုင်ငံတကာ ခေတ်မီစံချိန်၊ စံညွှန်းများနှင့် တည်ဆောက်ထားသည့် အားကစားဆိုင်ရာ Infrastructure များသည်လည်း မလွဲမသွေ လိုအပ်ချက်တစ်ရပ်ဖြစ်သည်မှာ ထင်ရှားပါကြောင်း၊ ကရင်ပြည်နယ်၏ အားကစားကဏ္ဍတွင် မရှိမဖြစ် လိုအပ် သည့် Sports Infrastructure ကွက်လပ်တစ်ခုကို ဖြည့်စွက်ပေးသည့်အနေဖြင့် အလျား ၂ဝဝ ပေ x အနံ ၁၃ဝ ပေ၊ ပရိသတ် ၂ဝဝဝ ကျော်ဝင်ဆံ့နိုင်သည့် ဇွဲကပင်မိုးလုံလေလုံအားကစားရုံကြီးအား အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ ပါကြောင်း၊ ယခုဖွင့်လှစ်သည့် အားကစားရုံကြီးအား ဒေသခံပြည်သူလူထုများအနေဖြင့် အကျိုးရှိရှိ ထိရောက်စွာ အသုံးချနိုင်ရန်နှင့် အားကစားလေ့ကျင့်မှုများ စဉ်ဆက်မပြတ် သက်ဝင်လှုပ်ရှားနေစေရန် ဝိုင်းဝန်းဆောင်ရွက်၍ ပြည်နယ်ဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် မျိုးဆက်သစ်ထူးချွန်အားကစားသမားများ ပေါ်ထွက်လာစေရန် ဝိုင်းဝန်းပူးပေါင်း၍ ဆက်လက်ကြိုးစားသွားစေလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ကိုယ်ရောစိတ်ပါကျန်းမာကြံ့ခိုင်စေရန် အားကစားလေ့ကျင့်မှုများ ပြုလုပ်နိုင် စေရေး၊ မြန်မာ့အားကစားအဆင့်အတန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အခြေခံကျသည့် တိုင်း ဒေသကြီးနှင့်ပြည်နယ်များတွင် ခေတ်မီအားကစား Infrastructure များကို ဖြည့်ဆည်းတည်ဆောက်ပေးသွားရန် အစီအမံများချမှတ်၍ အကြီးအကဲများထံ တင်ပြပြီး စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကရင်ပြည်နယ်၏ အားကစားသမိုင်းတွင် ပြေးခုန်ပစ်၊ ဂျူဒို၊ ပိုက်ကျော်ခြင်း၊ ဘိလိယက်၊ Netball ၊ ဘတ်စကက်ဘော၊ ဘောလုံး၊ မွေ၊ ဘော်လီဘောစသည့် အားကစားနည်းများတွင် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားများစွာ ပေါ်ထွက်လာသည်ကိုတွေ့ရှိခဲ့ရပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများတွင် ဂျူဒို၊ မွေ၊ ပြေးခုန်ပစ်စသည့် အားကစားနည်းများမှ နိုင်ငံတော် အတွက် ဆုတံဆိပ်များစွာ ရယူပေးနိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုနှင့် နယ်ပယ်စုံ၊ ကဏ္ဍစုံမှ တာဝန်ရှိသူများက အဖက်ဖက်မှ အားထုတ်ကြိုးပမ်း ဆောင်ရွက်ပေးခဲ့ခြင်းများကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင်လည်း တင်းနစ်၊ ဘောလုံး၊ ဂျူဒို၊ ရိုးရာလက်ဝှေ့၊ Boxing ၊ ပိုက်ကျော်ခြင်း၊ ဝူရှူးစသည့် အားကစားနည်းများဖြင့် တံခွန်စိုက်ဒိုင်းဆုများ ရယူပေးနိုင်၍ အောင်မြင်မှုများ ရရှိခဲ့ပြီး အစဉ်အလာကောင်းသည့် ပြည်နယ်တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ၂ဝ၂၆ ခုနှစ်၊ ဧပြီလမှ စတင်၍ ကျင်းပပြုလုပ်သွားမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများတွင်လည်း အောင်မြင်မှုများရရှိအောင် ဆက်လက်ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးသွားရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ဇွဲကပင်မိုးလုံလေလုံအားကစားရုံကြီး ယခုလို အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းကူညီဆောင်ရွက် ပေးခဲ့သည့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘက်ပေါင်းစုံမှ ဝိုင်းဝန်း ပံ့ပိုး ကူညီဆောင်ရွက်ပေးခဲ့ကြသူများကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြား ရာတွင် ပြည်နယ်အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်အောင် ကဏ္ဍပေါင်းစုံမှ ထောက်ပံ့ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ယခုလို အားကစားရုံအသစ်ကြီး ဖွင့်လှစ်ပေးသည့်အတွက် အားကစားကို လေ့လာလိုက်စား စိတ်ပါဝင်စားသူ ပိုမိုများပြားလာအောင် အထောက်အကူပြုနိုင်၍ အကျိုးရလဒ်အဖြစ် မျိုးဆက်သစ် အားကစား သမား လူငယ်များစွာပေါ်ထွန်းလာပြီး မြန်မာ့အားကစား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုနိုင်အောင် ဝိုင်းဝန်းပူးပေါင်း၍ အတူတကွ ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပြီးနောက် မြန်မာ့သိုင်း၊ ဗိုဗီနမ်၊ Physical Fitness Dance အဖွဲ့တို့မှ သရုပ်ပြခြင်းနှင့် ပြည်နယ် လဝကအသင်းနှင့် ပြည်နယ် မီးသတ်တပ်ဖွဲ့အသင်းတို့ဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ပြည်နယ် မီးသတ်တပ်ဖွဲ့အသင်းမှ ၂၅ မှတ် ၁၈ မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက fitness Dance ဗိုဗီနမ်၊ မြန်မာ့သိုင်းအဖွဲ့များ၊ ပြည်နယ်မီးသတ်တပ်ဖွဲ့နှင့် ပြည်နယ်လဝကအဖွဲ့တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆကလှကပှှီး ပှညထှောငစှုဝနကှှီးသညှ တာဝနရှှိသူမှားနှင့အှတူ ဇှဲကပငအှားကစားကှငှးအတှငှး ဝငရှောကကှှည့ရှှုစဈဆေးခဲ့ပှီး အားကစားကှငှး စိမှးလနှးစိုပှညှ၍ သန့ရှှငှးသာယာလှပစပှေီး အားကစား ပှိုငပှှဲကှီးမှားကငှှးပနိုငသှည့ှ ပှညနှယပှှယုဂဖှှဈသော နိုငငှံတကာအဆင့မှီ အားကစားကှငှးအဖှဈ ရရှညှေ တညတှံ့အောငှ ဝိုငှးဝနှးထိနှးသိမှး စောင့ရှှောကသှှားရနှ တာဝနရှှိသူမှားကို မှာကှားခဲ့ပှီးနောကှ ဇှဲကပငှ ရကေူးကနသှို့သှားရောကကှှည့ရှှူစဈဆးခဲ့ပှီး ရကေူးကနှ အမှဲတမှးသန့ရှှငှးပှီး ရကှညရှသေနေ့စှရေေး အတှကှ ရသနေ့စှငခှှငှးမှားနှင့ှ သတမှှတအှခှိုးအစားမှားအတိုငှး ဆေးခပခှှငှးမှားကို စနဈတကှ ဆောငရှှကှ သှားရနှ တာဝနရှှိသူမှားကို မှာကှားခဲ့သညှ။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်စင်တာ၌ ပြည်နယ်၊ မြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလားရေးညွှန်ကြားမှုဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ အား တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ ဖြစ်သည့် အတွက် နိုင်ငံတော်အစိုးရနှင့် ပြည်သူများကြားတွင် ပေါင်းကူးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များ၊ ကျင့်ဝတ်နှင့် လုပ်ထုံး လုပ်နည်းများကို လေးစားလိုက်နာရန်လိုကြောင်း၊ မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကျေပွန်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စေတနာထားပြီး လုပ်ကိုင်ဆောင်ရွက်သွားရန် လိုကြောင်း၊ မိမိအနေဖြင့် ဝန်ထမ်းများ၏ အခက်အခဲများနှင့် တင်ပြချက်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြေရှင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်၍ ရုံးလုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် ကိုယ်ရေးကိုယ်တာ အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း သတင်းပို့တင်ပြနိုင်ကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။







