![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း၊ မီတာ ၄၀၀ Synthetic ရာဘာပြေးလမ်း ခင်းကျင်းနေမှု၊ အားကစားရုံ (A , B) နှင့် ရေကူးကန် ပြန်လည်ပြုပြင်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇန်နဝါရီ ၃၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်အပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း၊ မီတာ ၄၀၀ Synthetic ရာဘာပြေးလမ်းခင်းကျင်းနေမှု၊ အားကစားရုံ (A, B) နှင့် ရေကူးကန် ပြန်လည် ပြုပြင်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ငလျင်အပြီး မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစား VIP အထူးတန်းပွဲကြည့်စင် မှန်အကာနံရံများနှင့် မျက်နှာကြက် ပြန်လည်တပ်ဆင် ပြီးစီးမှုအခြေအနေများအားလည်းကောင်း၊ ဘောလုံးကွင်း၏ -2.8 Level ၊ မြေညီထပ်၊ ပထမထပ်နှင့် အထူးတန်းပွဲကြည့်စင်များ၏ Column တိုင်နှင့် Ground Beam & Tie Beam ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအားလည်းကောင်း၊ ပြတင်းတံခါးများ၊ Light Partition များနှင့် Tempered Glass Curtain Wall များ၊ ကြမ်းခင်း Topping နှင့် ကြွေပြားများ ခွာထုတ်၍ အသစ်ပြန်လည်တပ်ဆင်ပြီးစီးမှုအခြေအနေများအားလည်းကောင်း၊ မီတာ ၄၀၀ Synthetic ပြေးလမ်းခင်းကျင်းရန်အတွက် ရေမစိမ့်သည့်အလွှာခင်းကျင်း၍ Synthetic ရာဘာပြေးလမ်း ပြန်လည် စတင်ခင်းကျင်းနေမှုများနှင့် သတ်မှတ်ရာခိုင်နှုန်းအချိုးအစားအတိုင်း ခင်းကျင်းနိုင်ရန်အတွက် ရာဘာ နှင့် ဆေးပစ္စည်းဝယ်ယူထားရှိမှု အခြေအနေများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများအချိန်မီပြီးစီးစေရေး၊ သတ်မှတ်စံချိန်/စံညွှန်းအတိုင်း အရည် အသွေး ပြည့်မီစေရေးအတွက် အဓိကဦးစားပေးဆောင်ရွက်ပေးသွားရန် သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A နှင့် B)တို့ရှိ အားကစားရုံပတ်လည် အတွင်းဘက် အုတ်နံရံများ၊ လျှောက်လမ်းကြွေပြားများ၊ ပွဲကြည့်စင်၊ ရေလိုင်း၊ မီးလိုင်းနှင့် အဲယားကွန်း ပိုက်လိုင်း ပြုပြင်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားပြိုင်ပွဲများနှင့် အခမ်းအနားများကို ပြန်လည်ကျင်းပနိုင်ရန်အတွက် တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးစေရေး စိစစ်ကြပ်မတ်ပေးသွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိရေကူးကန်သို့ သွားရောက်၍ ပွဲကြည့်စင် အပေါ်ဘက်နံရံ၊ ပြိုင်ပွဲကန်နှင့် ဒိုင်ဗင်ကန်တို့အား ရေဖြည့်၍ ရေသန့်စင်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ ရေလိုင်းမီးလိုင်းများကောင်းမွန်စေရေး၊ ပြိုင်ပွဲကန်နှင့် လေ့ကျင့်ရေး ရေကူးကန်သို့ ရေတင်ခြင်း၊ ရေစုတ်ယူသည့် ရေပိုက်လိုင်း သွယ်တန်းထားရှိမှုများအားလည်းကောင်း၊ ရေကူးကန် ရေသန့်စင်မှုနှင့် ရေကြည်လင်မှုရှိစေရန် သတ်မှတ်အချိုးအစားအတိုင်း ဆေးခပ်ထားရှိမှု အခြေအနေ များအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ကျောင်းပိတ်ကာလတွင် နွေရာသီ ရေကူး သင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးနိုင်ရန်အတွက် လိုအပ်သည်များကို အမြန်ဆုံး ပြုပြင် ဆောင်ရွက်သွားရန်နှင့် ရေကူးကန်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဂရုစိုက် ဆောင်ရွက် ပေးသွားရန်၊ အဆောက်အဦများ ရေရှည်တည်တံ့စေရေး၊ သဘာဝဘေးအန္တရာယ်ဒဏ် ခံနိုင်စေရေး၊ သတ်မှတ် စံချိန်/ စံညွှန်းအတိုင်း အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစေရေးအတွက် ဝိုင်းဝန်းစိစစ်၍ ကြပ်မတ်ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


