![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးထိန်လင်း (၄၆)ကြိမ်မြောက်အာရှ အိုလံပစ်ကောင်စီ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိ
ရန်ကုန်၊ ဇန်နဝါရီ ၂၈
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့်အတူ မြန်မာနိုင်ငံအိုလံကော်မတီ တွဲဖက်အတွင်းရေးမှူး(၄) အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာရှ်ကင့်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၄၆)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီအထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေ (၁၆:၃၀) နာရီအချိန်၌ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူတို့က ကြိုဆိုခဲ့ကြကြောင်းသိရသည်။

