အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ကရင်ပြည်နယ် ဘားအံမြို့ တရုတ်လှစံပြကျေးရွာအထက်တန်းကျောင်းတွင် ဗလငါးတန်ဖွံဖြိုးရေးလူငယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

ကရင်ပြည်နယ် ဘားအံမြို တရုတ်လှစံပြကျေးရွာ အထက်တန်းကျောင်းတွင် ယနေ့ 22-1-20260ရက် နံနက် ၀၉၃၀ နာရီချိန်တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်လူငယ်ရေးရာဦးစီးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဖြိုးအောင် ပါဝင်တက်ရောက်ခဲ့ပါသည်။အခမ်းအနားအား ကရင်ပြည်နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဆရာဆရာမများ၊ကျောင်းသားကျောင်းသူ များနှင့်ကျေးရွာနေ ရပ်မိရပ်ဖများ ၁၅၀ဦးခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စာင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး မှ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စာင့်ရှောက်သည့် ဥပဒေ၊နည်းဥပဒေများ ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသားစာပေသင်ကြားနိုင်ရေးစောင်ရွက်နေမှုအခြေအနေများ၊ အမုန်းစကားနှင့်အကြမ်းဖက်မှုကို ကာကွယ်တားဆီးရေး အသိပညာပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ကရင်ပြည်နယ်လူငယ်ရေးရာဦးစီးဌာန တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဖြိုးအောင် မှ လူငယ်ရေးရာဦးးစီးဌာနဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊မူဝါဒများနှင့် ကဏ္ဍအလိုက် ဆက်လက်ဆောက်ရွက်မည့် လုပ်ငန်းစဉ်များ၊ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြေခြင်း၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့်ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာကိစ္စရပ်များ၊လူမှုဝန်ထမ်းဦးစီဌာနမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေးခြင်းများ ဟောပြောဆွေးနွေးခဲ့ကြပြီး‌ေနာက်ကျောင်းသားကျောင်းသူများအား ဉာဏ်စမ်းမွေးခွန်းများမေးမြန်းပြီး အဖြေမှန်သူများအား ကျောင်းသုံး ဗလာစာအုပ်များ ဆုချခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။