အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ကချင်ပြည်နယ်ဘောလုံးဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကြည့်ရှုစစ်ဆေးပြီး အားကစားဝတ်စုံများထောက်ပံ့ပေး

မြစ်ကြီးနားမြို့ ၊ ဇန်နဝါရီလ ၂ဝ

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ကချင်ပြည်နယ် ဘောလုံးလက်ရွေးစင်ဟောင်းများအသင်း (Kachin Old Star)အဖွဲ့ချုပ် ရုံးခန်းသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကချင် ဘောလုံးအကယ်ဒမီ၏ အဆင့်မြင့် (၃)လသင်တန်း U-14 ၊ U-17 နှင့် အမျိုးသမီး U-25 ဘောလုံးအသင်းများ၏ လေ့ကျင့်မှုများကို ကြည့်ရှုစစ်ဆေးကာ အားကစားဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းက ကချင်ပြည်နယ် ဘောလုံးလက်ရွေးစင်ဟောင်းများအသင်း (Kachin Old Star) အဖွဲ့ချုပ် ရုံးခန်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ ရုံးခန်းသစ်အား Old Star ကစားသမား ဟောင်းကြီးများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရုံးခန်းဆိုင်းဘုတ်အား အမွေးနံ့သာရည်များ ပက်ဖျန်း၍ ရုံးခန်းအတွင်း Old Star အဖွဲ့၏လှုပ်ရှားဆောင်ရွက်မှုများအား ကြည့်ရှုအားပေးပြီး ဘောလုံးအားကစားသည် လူငယ်များ၏ ရေရှည်ကျန်းမာရေးနှင့်အဖွဲ့ စည်းလုံးညီညွတ်မှု Teamwork အတွက်အရေးပါကြောင်း၊ အားကစား သမားဟောင်းများ၏ ရည်ရွယ်ချက်နှင့်နောင်လာမည့် မျိုးဆက်သစ်များ ပိုမိုဖွံ့ဖြိုးလာစေရန် မျှော်မှန်း ကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားသမားဟောင်းကြီးများအတွက် မတည်ငွေ (၁၀)သိန်းကျပ် နှင့်ဘောလုံးများအားထောက်ပံ့ ပေးအပ်ခဲ့ပြီးနောက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့်အတူ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အားကစားသမား ဟောင်းကြီးများနှင့် ပြည်နယ်အားကစားနည်းအလိုက် ဆပ်ကော်မတီဝင်များသည် ကချင်ဘောလုံး အကယ်ဒမီ၏ အဆင့်မြင့်(၃)လသင်တန်း လေ့ကျင့်မှုများကိုသွားရောက် ကြည့်ရှုခဲ့ရာ ယင်းသင်တန်းတွင် U-14 ၊ U-17 လူငယ်ဘောလုံးအသင်းများနှင့် အမျိုးသမီး U-25 ဘောလုံးအသင်းများအား ရေရှည် အတွက် မျှော်မှန်းလေ့ကျင့်ပေးနေမှုများနှင့် လေ့ကျင့်မှုအဆင့်အတန်း၊ ကစားသမားများ၏ စွမ်းဆောင်ရည် နှင့် နည်းပြများ၏ လမ်းညွှန်မှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ဘောလုံးအကယ်ဒမီသင်တန်းသည် လူငယ်များအား ပညာရေးနှင့် အားကစားကို တွဲဖက်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း အစိုးရ၏ထောက်ပံ့မှုသည် ဒေသဖွံ့ဖြိုးရေးနှင့် လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ယခုအစီအစဉ်များသည် မြန်မာနိုင်ငံနှင့်ကချင်ပြည်နယ်၏ ရေရှည်အားကစား ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသောအားကစားလုပ်ငန်းစဉ်များ ဖြစ်ကြောင်းပြောကြားကာ အဆိုပါဘောလုံး အသင်းများအတွက် အားကစားဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းထောက်ပံ့မှုသည် မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပံ့ပိုးမှု တစ်ရပ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။