![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနိုင်စေရေးနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇန်နဝါရီ ၁၇
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မန္တလေးတိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးနိုင်စေရေး၊ သိပ္ပံသင်တန်းသားနှင့် မျိုးဆက်သစ် လူငယ်အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်စေရေးတို့အတွက် ယနေ့နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အားကစားကွင်း/ အားကစားရုံသို့ သွားရောက်ပြီး ဘောလုံးကွင်း၊ အထူးတန်းပွဲကြည့်စင်၊ VIP ဧည့်ရိပ်သာတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်လာရေးစေရေး၊ မန္တလေးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးနိုင်စေရေး၊ သိပ္ပံသင်တန်းသားနှင့် မျိုးဆက်သစ် လူငယ်အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်စေရေး၊ အားကစားဝါသနာပါသည့် လူငယ်များနှင့် ပြည်သူများလာရောက် လေ့ကျင့်မှု ပြုလုပ်လျက်ရှိသည့် အားကစားကွင်း/အားကစားရုံ အတွင်း/အပြင်နှင့် ပတ်ဝန်းကျင် အမြဲတမ်း သန့်ရှင်းသာယာလှပစေရေးနှင့် ဘောလုံးကွင်းမြက်ခင်းများ စိမ်းလန်းစိုပြေ၍ ညီညာလှပစေရေး အတွက် ရေဖြန်းစနစ် (Sprinkler)များ ပြန်လည်ပြုပြင်တပ်ဆင်သွားရန်၊ သန့်ရှင်းရေးနှင့် မြက်ဖြတ် ခြင်း လုပ်ငန်းများ ပုံမှန်ဆောင်ရွက်သွားရန်လိုကြောင်း၊ အဝင်မုခ်ဦးဆိုင်းဘုတ်ဗီနိုင်းနှင့် အထူးတန်း ပွဲကြည့်စင်မျက်နှာစာ နဖူးစည်းတန်း(ပန်းဆွဲ) အသစ်ပြန်လည်ပြုပြင်တပ်ဆင်ခြင်း၊ အထူးတန်း ပွဲကြည့်စင်၊ Inner Fence တိုင်အောက်ခြေ၊ အုတ်ခုံ၊ VIP ဧည့်ရိပ်သာရှိ ရေစင်နှင့် အားကစားရုံ ခန်းမနံရံတို့အား ပြန်လည်ဆေးသုတ်သွားရန်လိုကြောင်း၊ အားကစားကွင်း/အားကစားရုံနှင့် ရုံးအဆောက်အဦ များ ရေရှည်တည်တံ့စေရေးတို့အတွက် ပုံမှန်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ကျောင်းအဆင့်ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးခြင်းဖြင့် မန္တလေးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက် အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် အုပ်ချုပ်မှု ကိစ္စ ထူးခြားဖြစ်စဉ်များ မဖြစ်ပွားစေရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် သွားလာနေထိုင် ကြရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး(၃၀) တို့ကို လေ့လာကျက်မှတ်၍ လေးစားလိုက်နာသွားရန်လိုကြောင်း၊ မိမိဌာန၏ အားကစားလုပ်ငန်းများ အောင်မြင်စေရန်နှင့် မန္တလေးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက် မြင့်မားလာစေရန် အတွက် အားကစားအထောက်အကူပြုလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးနိုင်စေရေး၊ သိပ္ပံသင်တန်းသားနှင့် မျိုးဆက်သစ် လူငယ်အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်စေရေးတို့အတွက် မိမိတို့အား ပေးအပ်ထားသည့် တာဝန်နှင့်ဝတ္တရားများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားအားထုတ်သွားရန်နှင့် ဝန်ထမ်းအချင်းချင်း စည်းစည်း လုံးလုံးဖြင့် မိသားစုစိတ်ထားရှိပြီး ရိုင်းပင်းကူညီဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြား ခဲ့ပြီးနောက် ဝန်ထမ်းများ၏ တင်ပြချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများ နေထိုင်၊ စားသောက်မှုများ အဆင်ပြေစေရေးအတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် စသည့် စားသောက်ကုန်ပစ္စည်းများအား ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။


