အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဇန်နဝါရီ ၁၂

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိသူများနှင့် အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်း အားကစား အဖွဲ့ချုပ်သို့ သွားရာက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်သည် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ရှိ အစည်းအဝေး ခန်းမ၌ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ရာ မသန်စွမ်း အားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူများက (၁၃)ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ထောက်ပံ့ပေးအပ်မည့်ဆုကြေးငွေများအား ကြိုတင် ထုတ်ပေးထားရှိမှုများ၊ ပြိုင်ပွဲကာလအတွင်း တည်းခိုနေထိုင်စားသောက်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ရှင်လင်းတင်ပြခဲ့ရာ ညွှန်ကြားရေးမှူးချုပ်က နေ့စဉ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှု အခြေအနေများနှင့် ဆုတံဆိပ်ရရှိမှု အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ အဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် နေ့အလိုက်ဆုတံဆိပ်ရရှိမှု အခြေအနေများအား သတင်းထုတ်ပြန် ရာတွင် တိကျမှန်ကန်မှုရှိစေရေး၊ အချိန်မီသတင်းထုတ်ပြန်နိုင်ရေးနှင့် နေ့စဉ်သတင်းပါရှိစေရေးတို့ အတွက် သက်ဆိုင်ရာကဏ္ဍများနှင့်ချိတ်ဆက်၍ ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ပြီးစီးခဲ့မှု အစီရင်ခံစာအား ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အပြီးသတ်ပေးပို့တင်ပြနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသေးစိတ် မှာကြားခဲ့ပြီးနောက် အားကစားအဖွဲ့၏ လိုအပ်ချက်များနှင့် တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ရှိဘောလုံးကွင်း၊ ထိုင်လျက်ဘော်လီဘောလေ့ကျင့်ရေးကွင်း၊ ရေကူးကန်တို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် ဘောလုံးကွင်း အတွင်း/အပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဂိုးတိုင်၊ ဂိုးပိုက်များအား ကော်ရည်နှင့် ထုံးဖြူများသုတ်ထားစေရေး၊ ဂိုးပိုက်အသစ်တပ်ဆင်ထားရှိရေး၊ ပုံမှန်မြက်ဖြတ်ခြင်းလုပ်ငန်း များ ဆောင်ရွက်ထားရှိစေရေး၊ ခြံစည်းရိုးများနှင့် ရေနှုတ်မြောင်းဖုံးများအား ထုံးဖြူသုတ်ထားစေရေး၊ ရေကူးကန်သန့်ရှင်းမှုရှိစေရေးတို့အတွက်စနစ်တကျတာဝန်ပေးအပ်ဆောင်ရွက်သွားရန်တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။