![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နေပြည်တော်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်းဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇန်နဝါရီ ၁၀
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိ သူများလိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် လယ်ဝေးခရိုင်အတွင်းရှိ ၊ ဒက္ခိဏ သီရိမြို့နယ်နှင့် ဥတ္တရသီရိခရိုင်အတွင်းရှိ၊ ဥတ္တရသီရိမြို့နယ် အားကစားကွင်း ဘောလုံးကွင်း ဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့သည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်သည် လယ်ဝေးခရိုင်အတွင်းရှိ ၊ ဒက္ခိဏသီရိမြို့နယ် အားကစားကွင်းသို့ သွားရောက်၍ ဘောလုံးကွင်းကြမ်းဖောက်လုပ်ခြင်း၊ မြေသားပြေးလမ်း ခင်းကျင်းရန်အတွက် ကွင်းမြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ရေဂါလံ ၈၀၀၀၀ ဆံ့(Ground Water Tank)တူးဖော်မည့် မြေနေရာများအားလည်းကောင်း ဥတ္တရသီရိ ခရိုင်၊ ဥတ္တရသီရိမြို့နယ် အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း ငါးရိုးရေစိမ့်မြောင်း ဖောက်လုပ်ခြင်း၊ Spinkler ရေဖျန်းစနစ်တပ်ဆင်ခြင်း၊ မြက်ခင်းစိုက်ပျိုးခြင်း၊ ဘောလုံးကွင်း ကြမ်းဖောက်လုပ်ခြင်း၊ မြေသားပြေးလမ်းခင်းကျင်းရန်အတွက် ကွင်းမြေညှိခြင်း၊ ပေ ၂၂၀၀ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ပေ ၁၅၀ x ၄၀ အနောက်ဘက် ပွဲကြည့်စင် တည်ဆောက်မည့်မြေနေရာနှင့် ရေဂါလံ ၈၀၀၀၀ ဆံ့(Ground Water Tank)တူးဖော်မည့် မြေနေရာများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိ သူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ ပြီးနောက် ခြံစည်းရိုးအုတ်တံတိုင်းနှင့် အားကစားကွင်း ရေရှည်တည်တံ့ပြီး မပျက်စီးစေရေး အတွက် ရေစိမ့်မြောင်းများ၊ ရေလွှဲမြောင်းများနှင့် ရေထိန်းတိုင်များကို မဖြစ်မနေ ဂရုစိုက် ထည့်သွင်းပြီး တည်ဆောက်သွားရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် မိမိအနေဖြင့် လိုအပ်သည်များကို အထက်အကြီးအကဲများထံ ဆက်လက်တင်ပြပေးပြီး အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ သတ်မှတ်စံချိန်/ စံညွှန်းပြည့်မီပြီး အရည်အသွေးကောင်းမွန်စေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစေရေးတို့အတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် တာဝန်ရှိသူများက စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


