![]()
နေပြည်တော် ဒီဇင်ဘာလူထုအားကစားလ(စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲ အင်အား ၃၈၀၀ ကျော် ပျော်ရွှင်စွာပါဝင်ဆင်နွှဲ
၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ(စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်း များနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်းအင်အား ၃၈၀၀ကျော် ပျော်ပျော်ရွှင်ရွှင်စည်ကား သိုက်မြိုက်စွာပါဝင်ဆင်နွှဲကြသည်။
ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဂိတ်အမှတ်(၁)မှ စတင်တာထွက်ကြပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း ဂိတ်(A) ရှေ့အထိ ပျော်ပျော်ပါးပါးလမ်းလျှောက်ကြသည်၊၊
ထို့နောက်ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)၊ (၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက သရုပ်ပြသပေး၍ စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ကြသူများက တက်ကြွစွာပါဝင်ဆောင် ရွက်ခဲ့ကြပြီး စုပေါင်းလမ်းလျှောက်သူများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိ သူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များပေးဝေကြသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုး သားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားလောကအဆင့်အတန်း တိုးတက်မြင့်မား စေရေးအတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများအပြင် ဝန်ထမ်းမိသားစုဝင်များပါ ပါဝင်ဆင်နွှဲကြောင်း သိရသည်၊၊




