အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး ၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလားမြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ရှိ Training Center Hall – 2 ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ် ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား သို့ တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ယနေ့ပြိုင်ပွဲ ပွဲစဉ်အဖြစ် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပျဉ်းမနားမြို့နယ်အသင်းနှင့် ဥတ္တရသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပျဉ်းမနားမြို့နယ်အသင်းက ဥတ္တရသီရိမြို့နယ်အသင်းကို လေးဂိုး၊ တစ်ဂိုးဖြင့်လည်းကောင်း၊ အမျိုးသမီးဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဇမ္ဗူသီရိမြို့နယ်အသင်းနှင့် ဉတ္တရသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဇမ္ဗူသီရိမြို့နယ်အသင်းက ဥတ္တရသီရိမြို့နယ်အသင်းကို ကိုးဂိုး၊ သုံးဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် ပြိုင်ပွဲ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု၊ ဒုတိယဆုနှင့် ပထမဆု ရရှိခဲ့ကြသူများကို နေပြည်တော်အမျိုးသမီးအားကစားဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ၊ တံခွန်စိုက်ဆုဖလားများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ အမျိုးသား/အမျိုးမီး ဖူဆယ်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ Training Center Hall – 2 ၌ ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသား ဖူဆယ်ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်၊ အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့မှ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။