![]()
၂၀၂၅ ခုနှစ်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုရ နိုင်ငံ့ဂုဏ်ဆောင် နေပြည်တော်ခြင်းလုံးအားကစားသမားများအား ကြိုဆိုဂုဏ်ပြုပွဲနှင့် ပျဉ်းမနားမြို့နယ် ဘောဂဝတီ နေပြည်တော်ခြင်းလုံးရုံတွင် ခြင်းလုံးပြိုင်ပွဲအား နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ နာယက နေပြည်တော် ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး တက်ရာက်ကြည့်ရှု အားပေးခြင်းအခမ်းအနား
နေပြည်တော်၊ ဒီဇင်ဘာ ၁၅
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ ခုနှစ် ၃၃ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ နိုင်ငံ့ဂုဏ်ဆောင် နေပြည်တော်ခြင်းလုံးအားကစားသမားများအား နေပြည်တော်မြို့အဝင် မှစတင်၍ သောင်းသောင်းဖျဖျကြိုဆိုခဲ့ခြင်းနှင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉:၀၀)နာရီတွင် နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်(Lake View)ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ၃၃ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ နိုင်ငံ့ဂုဏ်ဆောင် နေပြည်တော်မှ ခြင်းလုံးအားကစားသမားများအား နေပြည်တော်မြို့အဝင် မှစတင်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ခြင်းလုံးဆပ်ကော်မတီများ၊ ပြည်သူများ၊ ကျောင်းသား၊ကျောင်းသူများက အိုးစည်ဒိုးပတ်များဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့သည်။
ထို့နောက် ဂုဏ်ပြုပွဲအခမ်းအနားအားဆက်လက် ကျင်းပခဲ့ရာ နေပြည်တော်အားကစားနှင့်ကာယပညာ ကော်မတီနာယက၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ဆုရရှိခဲ့သည့်အတွက် ကနဦးဂုဏ်ပြုဆုငွေ (၁၅)သိန်းအား ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် ရွှေတံဆိပ်ဆုရရှိသည့် မစုတွယ်တာက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။
ဆက်လက်ပြီး နေ့လယ် (၃:၀၀)နာရီအချိန်တွင် ပျဉ်းမနား မြို့၊ ဘောဂသီရိရပ်ကွက် နေပြည်တော်ခြင်းလုံးရုံတွင် ကျင်းပပြုလုပ်သော နိုင်ငံဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိသည့် ခြင်းလုံးကစားသမားများက သရုပ်ပြခတ်ကစားပြသခြင်းနှင့် တိုင်းလက်ရွေးစင် Aအသင်းနှင့် B အသင်းတို့၏ ယှဉ်ပြိုင်ခတ်ကစားနေမှုမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။အလားတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ခြင်းလုံးဆပ်ကော်မတီများမှ တာဝန်ရှိသူများက နိုင်ငံ့ဂုဏ် ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် ခြင်းလုံးအားကစားသမားများအား ဂုဏ်ပြုဆုငွေ(၁၅)သိန်းအား ထပ်မံပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။


