အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့မြန်မာအားကစားအဖွဲ့ဒုတိယအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး နှင့်အတူ အုပ်ချုပ်မှုအဖွဲ့ဝင် ၅ ဦး ပြည်ပထွက်ခွာ

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ သွားလာ နေထိုင်ရေး ကိစ္စရပ်များ၊ ပြိုင်ပွဲအောင်နိုင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာအားကစား အုပ်ချုပ်မှု ဒုတိယအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး နှင့်အတူ အုပ်ချုပ်မှုအဖွဲ့ဝင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၆ ဦးတို့သည် ယနေ့ နံနက် ၀၆: ၀၀ နာရီအချိန်၌ လေယာဉ်အမှတ် 8M 364 အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ၊ ချောင်ဘူရီမြို့သို့ ထွက်ခွာသွားရာ အားကစားနှင့် ကာယပညာဦးစီးဌာန မှတာဝန်ရှိသူများ ကလိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။