အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် (Chef-de-Mission) အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့် မြန်မာအားကစားအုပ်ချုပ်မှုအဖွဲ့ ပြည်ပထွက်ခွာ

ရန်ကုန်၊ ဒီဇင်ဘာ ၃ရက်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစား အဖွဲ့ ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့်အတူ မြန်မာအားကစားအုပ်ချုပ်မှု အဖွဲ့သည် ယနေ့ နံနက် ၁၀: ၀၅ နာရီအချိန်၌ လေယာဉ်အမှတ် 8M 360 အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများက လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ မြန်မာအားကစားအုပ်ချုပ်မှုအဖွဲ့တွင် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ၁ ဦး နှင့် အုပ်ချုပ်မှုအဖွဲ့ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၂ ဦးတို့သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာအားကစားအဖွဲ့များ ပြိုင်ပွဲများတွင် စနစ်တကျပါဝင် ယှဉ်ပြိုင်နိုင်ရေး၊ အောင်မြင်မှုဆုတံဆိပ်များရရှိနိုင်ရေးတို့အတွက် သွား/လာနေထိုင်၊ စားသောက်ရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စတို့အား ကဏ္ဍအလိုက် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် လိုက်ပါသွားကြောင်းသိရသည်။