အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းထွက်ခွာ

ရန်ကုန်၊ ဒီဇင်ဘာ ၂ရက်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ နံနက် ၁၀: ၀၅ နာရီအချိန်၌ လေယာဉ်အမှတ် 8M 360 အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် မိဘဆွေမျိုးများက လိုက်လံပို့ဆောင်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းမှ အုပ်ချုပ်/ နည်းပြ ၁၁ ဦး ၊ အမျိုးသမီး အားကစားသမား ၂၃ ဦး စုစုပေါင်း ၃၄ ဦးတို့သည် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ မြန်မာအမျိုးသမီး‌ဘောလုံးအသင်း၏ ပထမဦးဆုံး အုပ်စုပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံနှင့်လည်းကောင်း၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် မလေးရှား နိုင်ငံနှင့်လည်းကောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံနှင့်လည်းကောင်း ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။