အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် မြန်မာကနူး/ ကယက်လှေလှော်အသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကနူး/ ကယက် လှေလှော်အသင်းသည် ယနေ့ နံနက် ၇: ၂၅ နာရီအချိန်၌ လေယာဉ်အမှတ် 8M 335 အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးသက်လွင်နှင့်တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

မြန်မာကနူး/ကယက်လှေလှော်အသင်းမှ အုပ်ချုပ်/ နည်းပြ ၃ ဦး ၊ အမျိုးသားအားကစားသမား ၁၂ ဦး ၊ အမျိုးသမီးအားကစားသမား ၅ ဦး စုစုပေါင်း ၂၀ ဦးတို့သည် ထိုင်းနိုင်ငံ ချွန်ဘူရီမြို့၌ ကျင်းပ ပြုလုပ်မည့် ကနူး/ ကယက် လှေလှော်ပြိုင်ပွဲတွင် မီတာ ၂၀၀/ မီတာ ၅၀၀ ပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်းသိရသည်။