အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် မြန်မာအမျိုးသားဘောလုံးအသင်း ထိုင်းနိုင်ငံသို့ စတင်ထွက်ခွာ

ရန်ကုန်၊ နိုဝင်ဘာ ၃၀ရက်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအမျိုးသား ဘောလုံးအသင်းသည် ယနေ့ နံနက် ၁၁: ၁၅ နာရီအချိန်၌ လေယာဉ်အမှတ် 8M 370 အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်ခဲ့ကြသည်။

အဆိုပါမြန်မာအမျိုးသားဘောလုံးပြိုင်ပွဲကို၂၀၂၅ခုနှစ်ဒီဇင်ဘာလ၅ရက်နေ့မှ၁၉ ရက်နေ့အထိထိုင်းနိုင်ငံဘန်ကောက်မြို့နှင့်ချင်းမိုင်မြို့များတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးမြန်မာအမျိုးသားဘောလုံးအသင်းမှ အုပ်ချုပ်/နည်းပြ ၁၀ ဦး ၊ အမျိုးသားအားကစား သမား ၂၃ ဦး စုစုပေါင်း ၃၃ ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရသည်။