![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပီတန်းအားကစားသမားများ၏ နောက်ဆုံးအကြိမ် လက်ရည်စမ်းပွဲသို့ တက်ရောက်
၂၀၂၅ ခုနှဈ ဒီဇငဘွာလ ၉ ရကနွေ့မှ ၂၀ ရကနွေ့အထိ ထိုငွးနိုငငွံတှငွ ကငွှးပပှုလုပမွည့ွ (၃၃)ကှိမမွှောကွ အရှေ့တောငအွာရှအားကစားပှိုငပွှဲသို ဝငရွောကယွှဉပွှိုငရွနအွတှကွ နပှညတွေောတွှငွ စခနွးဝငလွေ့ကငှ့လွကှရွှိသည့ွ ပီတနွးအားကစားသမားမှား၏ နောကဆွုံးအကှိမွ လကရွညစွမွး ပှိုငပွှဲကို ယနေ့နံနကပွိုငွးတှငွ နပှညတွေောအွားကစားလ့ကငှ့ရွးစခနွး (Gold Camp)ရှိ ပီတနွး လေ့ကငှ့ရွေးကှငွး၌ ကငွှးပခဲ့သညွ။
ဦးစွာ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပီတန်းအားကစားနည်းမှ (အမျိုးသား/ အမျိုးသမီး) Shooting , Mixed Double နှင့် Mixed Triple အမျိုးအစားအလိုက် အားကစားသမား များ၏ နောက်ဆုံးအကြိမ် လက်ရည်စမ်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပခဲ့ရာ အသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် Mixed Double မှ အားကစားသမား ထွေးကိုကိုနှင့် ပန်းအိဖြိုးတို့ အတွဲနှင့် တစ်ဦးချင်း Shooting ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ခင်ချယ်ရီသက်တို့ကို ဒုတိယဝန်ကြီး ဦးထိန်လင်းက ဂုဏ်ပြုဆုကြေးငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုများရရှိစေရေးနှင့် ပြိုင်ပွဲအတွေ့ကြုံရရှိစေရေးတို့အတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အတိုင်း ယခုလက်ရည်စမ်းပြိုင်ပွဲအား ကျင်းပပေးခြင်းဖြစ်ကြာင်း၊ မိမိတို့ ယခုရရှိထားသည့် ရမှတ်များထက် ပိုမိုကောင်းမွန်သည့် ရမှတ်များရရှိရန် အခြေခံနည်းစနစ်များနှင့် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းများကို ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် ပိုမိုလေ့ကျင့်သွားရန်လိုကြောင်း၊ ပီတန်းအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင် နိုင်ပြီး အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် နောက်ဆုံးအချိန်ထိ မဆုတ်မနစ်သော ဇွဲ၊ လုံလ၊ ဝီရိယများဖြင့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားရန် တိုက်တွန်းမှာကြားခဲ့ပြီးနောက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။




