အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့များ၏ တည်းခိုနေထိုင်၊ စားသောက်ရေးနှင့်ပြိုင်ပွဲဝင်ရောက်ရေး ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး နှင့်အဖွဲ့ဝင်(၂)ဦး ထိုင်းနိုင်ငံသို့ ကြိုတင်ထွက်ခွာ

ရန်ကုန် နိုဝင်ဘာ ၂၆ရက်

၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၊ ချွန်ဘူရီ မြို့၊ ဆုန်ခလာမြို့ နှင့် ချင်းမိုင်မြို့များ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များ အောင်မြင်မှုများရရှိစေရေးအတွက် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များဖြစ်သည့် တည်းခိုနေထိုင်စားသောက်ရေးဆိုင်ရာနှင့် ကြိုဆိုနေရာချ ထားရေးကိစ္စရပ်များ၊ ပြိုင်ပွဲဝင်ရောက်ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် ကြိုတင် ညှိနှိုင်းဆောင်ရွက်ရန်အတွက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဥ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) ၊ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် ၊ယှဥ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၂)၊ ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန် နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိမွန်တို့သည် ယနေ့ ညနေပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားကြောင်းသိရသည်။