![]()
၂၀၂၆ ခုနှစ် အာရှဖလား ခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဆ)ပွဲစဥ် မြန်မာ နှင့် နီပေါ အသင်းတို့ယှဉ်ပြိုင်
၂၀၂၆ ခုနှစ် အာရှဖလား ခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဆ)၏ ပြိုင်ပွဲ ပွဲစဉ်များကိုယနေ့ညနေ(၄)နာရီအချိန်တွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ လူငယ်အားကစား လေ့ကျင့်ရေး စခန်းသုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် အမှုဆောင် များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသောဧည့်သည်တော်များ၊ ဘောလုံးအားကစားဝါသနာရှင်များတက်ရောက် ကြည့်ရှုအားပေးခဲ့ကြ သည်။
ပြိုင်ပွဲတွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းနှင့် နီပေါ U-17 အမျိုးသား ဘောလုံးအသင်း တို့သည် ပထမပိုင်း ၄၅ မိနစ်တွင် ဂိုးရရှိရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာပထမပိုင်း ပွဲပြီးချိန်တွင် မြန်မာ U-17 အမျိုးသားဘောလုံး အသင်းက ဦးဆောင်ဂိုး(၁)ဂိုး သွင်းယူနိုင်ခဲ့သည်။
ဆက်လက်ပြီး ဒုတိယပိုင်းအား ယှဉ်ပြိုင်ကစားခဲ့ရာ တွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းသည်ဦးဆောင်ဂိုး(၃)ဂိုး သွင်းယူနိုင်ခဲ့ပြီး နီပေါ U-17 အမျိုးသားဘောလုံးအသင်းက ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့သည့်အတွက် ပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းက နီပေါ U-17 အမျိုးသားဘောလုံးအသင်းကို (၄)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
၂၀၂၅ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီ တွင် မြန်မာ U-17 အမျိုးသားဘောလုံး အသင်းနှင့် အိုမန် U-17 အမျိုးသားဘောလုံးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။


