အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)နှင့် တောင်ကြီးမြို့နယ် ရွှေညောင်အားကစားကွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာလ ၁၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)နှင့် တောင်ကြီးမြို့နယ် ရွှေညောင်အားကစားကွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ ပင်မဆောင် (ရုံး)၊ စားရိပ်သာနှင့် စာသင်ဆောင်တို့တွင် အသုံးပြုရန် ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ် တပ်ဆင် ထားရှိမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်အသုံးပြုနိုင်စေရေးနှင့် ဘေးအန္တရာယ် မဖြစ်စေရေးတို့အတွက် ဂရုပြုကိုင်တွယ်ထိန်းသိမ်းသွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ပြီးနောက် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ရန်ပုံငွေဖြင့် အုတ်တံတိုင်းကာရံခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးစေရေးတို့အတွက် တာဝန်ရှိသူ များက အထူးကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ရှိ အားကစား နှင့်ပညာရေးပေါင်းစပ် အထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ၏ ပညာသင်ကြားနေမှု များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အောင်ချက်များမြင့်မားစေရေးအတွက် တာဝန်ရှိသူများက စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန်နှင့် အားကစားထူးချွန်သူများ၊ ပညာရေးတွင် အဆင့်မီမီ အောင်မြင်စေရေး တို့အတွက် အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ် ရွှေညောင်အားကစားကွင်း ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ပွဲကြည့်စင် အပါဖူဆယ်အားကစားရုံ တည်ဆောက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ် ကာလအတွင်း အရည်အသွေးပြည့်မီစွာနှင့် အချိန်မီတည်ဆောက်ပြီးစီးစေရန် တာဝန်ရှိသူများက ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။