အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၂၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဟောပြောပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လူငယ်များသည် မိမိတို့၏တန်ဖိုးမဖြတ် နိုင်သည့် လက်ရှိလူငယ်ဘဝကို တန်ဖိုးထားပြီး လမ်းမှားမရောက်အောင် မိမိကိုယ်ကို ထိန်းသိမ်း တည့်မတ်ရင်း ပညာပြည့်ဝနှလုံးလှသည့် လူတော်လူကောင်းများဖြစ်စေရန် ယနေ့အချိန်ကတည်းက ကြိုးစားကြရန်လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် ဘဝကိုမြင့်မားတိုးတက်ရန် လက်ရှိ ကျောင်းသား/ ကျောင်းသူဘဝကတည်းက ပညာပြည့်ဝနှလုံးလှသည့် လူတော်လူကောင်းဖြစ်အောင် ကြိုးစားကြ ရမည်ဖြစ်ကြောင်း၊ လူငယ်ဘဝကို တန်ဖိုးထားပြီး ပညာကိုကြိုးစားသင်ယူကာ ကျောင်းပြင်ပ ပညာများဖြစ်သည့် နိုင်ငံတကာနှင့်ပတ်သက်သည့် အထွေထွေဗဟုသုတများ၊ ဘာသာစကားများ၊ ခေတ်မီတိုးတက်လာသည့် IT နည်းပညာများအပါအဝင် အခြားသောနည်းပညာများကို မျက်ခြည်မပြတ် လေ့လာတတ်ကျွမ်းအောင်ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီးနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လူငယ်ရေးရာအသိပညာပေး ဆွေးနွေးဟောပြောသည့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)ကို ဂုဏ်ပြုလက်ဆောင်နှင့် အမှတ်(၁၂) အခြေခံပညာအထက်တန်း ကျောင်းအတွက် အလှူငွေကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများကို လည်းကောင်း ပေးအပ်လှူဒါန်းသည်။

ယင်းနောက် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က “ လူငယ်နှင့်မျိုးချစ်စိတ်” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပြီး နေပြည်တော် လူငယ်ရေးရာတာဝန်ခံက ကျောင်းသား/ ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိမေးမြန်ခြင်းနှင့် ဆုလက်ဆောင် ပေးအပ်ခြင်းများဆောင်ရွက်ကြသည်။