![]()
တောင်ကြီးမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ
တောင်ကြီးမြို့၊ အောက်တိုဘာလ(၂၄)ရက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်နယ်လူငယ်ရေးရာဦးစီးဌာန ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ၊ တောင်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှပူးပေါင်းကျင်းပပြုလုပ်တဲ့ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ၂၃.၁၀.၂၀၂၅ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်၌ တောင်ကြီးမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(အောင်သပြေ)နှင့် မွန်းလွဲ (၁၃:၀၀)နာရီအချိန်တို့တွင် အခြေခံပညာအထက်တန်းကျောင်းခွဲ(ထုံးဖို)ခန်းမတို့၌ အသီးသီးကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဆူးညီညီသိန်းဝင်း ၊ မြန်မာလူငယ်မိတ်သဟာရအဖွဲ့ (MYF) Myanmar Youth Fellowship မှ ဦးဂျာလ နှင့် တာဝန်ရှိသူများကတက်ရောက်ခဲ့ကြပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန် ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း(အောင်သပြေ)မှ ကျောင်းခန်းမအတွင်း၌ ကျောင်းသား/ကျောင်းသူ (၃၈၀)ဦး ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ထုံးဖို)မှ ကျောင်းခန်းမအတွင်း၌ ကျောင်းသား/ကျောင်းသူ (၂၇၆)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၆၅၆)ဦးတို့မှတက်ရောက်ခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက “ လူငယ်နှင့်ရည်မှန်းချက် “ ခေါင်းစဥ်ဖြင့်လည်းကောင်း ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဆူးညီညီသိန်းဝင်းက ” လူငယ်နှင့်အားကစား “ ခေါင်းစဥ်ဖြင့် လည်းကောင်း ၊ မြန်မာလူငယ်မိတ်သဟာရအဖွဲ့ (MYF) Myanmar Youth Fellowship မှ ဦးဂျာလ က ” Mentor(ပဲ့ကိုင်ရှင်) ဦးဆောင်လမ်းပြသူ ” ခေါင်းစဥ်ဖြင့်လည်းကောင်းအသီးသီးဟောပြောခဲ့ကြပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုးက အဆိုပါကျောင်းများသို့ လူငယ်ရေးရာအသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခဲ့ကာ ဘောလုံး ၊ ဘော်လီဘော ၊ ခြင်းလုံး အားကစားပစ္စည်းများအားထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်းသိရှိခဲ့ရပါသည်။


