အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးထိန်လင်းရွှေကြာပင်အားကစားကွင်းအတွင်း Synthetic ပြေးလမ်းခင်းခြင်း ဆောင်ရွက်နေမှုများနှင့် ဥတ္တရသီရိအားကစားကွင်း အုတ်တံတိုင်း ကာရံခြင်းအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ ၁၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားကွင်း/ အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရွှေကြာပင်အားကစားကွင်းအတွင်း Synthetic ပြေးလမ်းခင်းခြင်း ဆောင်ရွက်နေမှုများနှင့် ဥတ္တရသီရိအားကစားကွင်း အုတ်တံတိုင်း ကာရံခြင်း အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ရွှေကြာပင်အားကစားကွင်းအတွင်း မန္တလေးမြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အားကစားကွင်း/အားကစားရုံ ပြန်လည်ပြုပြင်နိုင်ရေးနှင့် ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ရွှေကြာပင် အားကစားကွင်းတွင် မီတာ(၄၀၀)ပြေးလမ်းပါ ဘောလုံးကွင်း Synthetic ပြေးလမ်းခင်းကျင်းရန်အတွက် မြေညှိခြင်းလုပ်ငန်း၊ ကျောက်စီခြင်းလုပ်ငန်းနှင့် ပြေးလမ်းဘောင် အုတ်စီခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး Synthetic ပြေးလမ်းအား သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစေရေးတို့အတွက် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီမှ တာဝန်ရှိသူများကို အဆောက်အဦများအား သဘာဝဘေးအန္တရာယ်ဒဏ် နှင့် ရာသီဥတုဒဏ် ခံနိုင်စေရန်နှင့် ရေရှည်တည်တံ့စေရန်အတွက် ဦးစားပေးတည်ဆောက်ပေးသွား ရန် မှာကြားခဲ့ပြီးနောက် ရွှေကြာပင် အားကစားကွင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ အနေဖြင့် လုံခြုံရေးအသိ လုံခြုံရေးသတိ ရှိစေလိုကြောင်း၊ နွေဦးရာသီ ရောက်လာပြီဖြစ်သည့်အတွက် လျှပ်စစ်မီးနှင့် ပတ်သက်ပြီး အထူးဂရုစိုက် ကိုင်တွယ်ဆောင်ရွက်သွားကြစေလိုကြောင်း၊ မီးသတ် ဆေးဗူးများကိုလည်း ပြန်လည်စစ်ဆေးဆောင်ရွက်ထားစေလိုကြောင်း၊ နိုင်ငံတော်ပိုင် ပြည်သူပိုင် ပစ္စည်းများ မပျောက်ပျက်စေရေး တာဝန်ပေးအပ်ပြီး ဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ဘရူနိုင်း နိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၁၄)ကြိမ်မြောက် Asean School Games သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ဘက်စကက်ဘောအားကစားနည်းမှ အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှု အားပေးခဲ့ပြီးနောက် အုပ်ချုပ်/နည်းပြများနှင့် တွေ့ဆုံ၍ မိမိအားကစားသမားများ၏ အားနည်းချက်/ အားသားချက်များကို ပြန်လည်သုံးသပ်ပြုပြင်၍ လေ့ကျင့်သင်ကြားပေးသွားရန်လိုကြောင်း၊ ပြိုင်ပွဲ ကာလနီးကပ်လာပြီ ဖြစ်သည့်အတွက် လေ့ကျင့်မှုပြုလုပ်ရာတွင် ထိခိုက်ဒဏ်ရာမရှိအောင် ဂရုစိုက် လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိခရိုင်ရှိ ဥတ္တရသီရိမြို့နယ် ဘောလုံးကွင်း အား ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်လျက် ရှိသည့် အုတ်တံတိုင်းကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစေရေးအတွက် စိစစ်ကြပ်မတ်ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။