အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုလက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ စက်တင်ဘာလ ၁၆ ရက်

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင် လေ့ကျင့်လျက်ရှိသော မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်မြားပစ် ပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံမြားပစ်ကွင်း၌ ကျင်းပ ပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဦး နှင့်ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးတောက်ထွန်း၊ ဒေါက်တာမြတ်သူရစိုး၊ ဦးကျော်ဌေး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူးဦးဝင်းထက်မွန်၊ အားကစားနှင့် ကာယ ပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်အမှုဆောင်များတက်ရောက်ကြပါသည်။

လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ အစမ်းလေ့ကျင့်ပစ်ခတ်ခြင်းနှင့် ဗိုလ်လုပြိုင်ပွဲများအား ယှဉ်ပြိုင်ပြီးနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးက Recurve တစ်ဦးချင်းရှုံးထွက် ပြိုင်ပွဲတွင် ပထမဆုရရှိသော သီဟထက်ဇော်၊ ဒုတိယဆုရရှိသော ကောင်းခန့်မော်၊ တတိယဆုရရှိသော ပြည့်စုံနှင်းတို့အားလည်းကောင်း၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတောက်ထွန်းက Compound တစ်ဦးချင်းရှုံးထွက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ဇင်သူရိန်မှူး အား လည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက ဒုတိယဆုရရှိသောအောင်ကိုဦး ၊ တတိယဆုရရှိသော စုစုလှိုင်တို့အားလည်းကောင်း၊ ယှဉ်ပြိုင်ရေး နှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူးဦးဝင်းထက်မွန် က Recurve Mixed Team ပြိုင်ပွဲ တွင် ပထမဆုရရှိသော သီဟထက်ဇော်+ ပြည့်စုံနှင်း၊ ဒုတိယဆုရရှိသော ကောင်းခန့်မော် +သီတာနွယ် တို့အား လည်းကောင်း၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးသူရစိုးက Compound Mixed Team ပြိုင်ပွဲ တွင် ပထမဆုရရှိသော စုစုလှိုင်+ အောင်ကိုဦးတို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြောင်းသိရှိရသည်။