(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြိုလက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲကျင်းပ
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင် လေ့ကျင့်လျက်ရှိသော မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ်မြားပစ် ပြိုင်ပွဲကို ယနေ့နံနက်(၀၈: ၃၀) နာရီအချိန်တွင် ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံ မြားပစ်ကွင်း၌ ကျင်းပ ပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး၊ အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူးဦးဝင်းထက်မွန်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးတောက်ထွန်းနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များတက်ရောက်ကြပါသည်။
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင် ရည်ရွယ်၍လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ၌ အမျိုးသား/အမျိုးသမီး (Compound / Recurve)အစမ်းလေ့ကျင့်ပစ်ခတ်ခြင်း၊ အမျိုးသား/အမျိုးသမီး (Compound / Recurve) မီတာ (၇၀/၅၀) မြား (၇၂)ချောင်း၊ အမျိုးသား/ အမျိုးသမီး (Compound / Recurve) လေ့ကျင့်ပစ်ခတ်ခြင်း ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ အားကစားသမားများ၏ယှဉ်ပြိုင် ကစားနေမှု၊ စံချိန်စံနှုန်း၊ အားနည်းချက်၊ အားသာချက်တို့အား ကြည့်ရှုအားပေးခဲ့ပါသည်။
အဆိုပါလက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ၏ အစမ်းလေ့ကျင့်ပစ်ခတ်ခြင်းနှင့် ဗိုလ်လုပွဲတို့အား ၁၆.၉.၂၀၂၅ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ရှိ အစည်းအဝေး ခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ယူနန်ပြည်နယ်တွင် ၂၀၂၅ခုနှစ် ၊ စက်တင်ဘာ လ ၃၀ရက်မှ အောက်တိုဘာလ ၇ ရက်နေ့အထိကျင်းပပြုလုပ်မည့် Four – Nation Football Invitational Tournament သို့ သွားရောက်ယှဉ်ပြိုင်မည့် လူငယ်အမျိုးသားဘောလုံးအသင်းအတွက် ရွေးချယ်ထားသည့် အုပ်ချုပ်/နည်းပြနှင့် အားကစားသမားများအားတွေ့ဆုံ၍ လိုအပ်ချက်များ မှာကြား လမ်းညွှန်မှုပြုခဲ့ကြောင်းသိရှိရသည်။




