အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊စက်တင်ဘာလ(၁၀)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက သုဝဏ္ဏလေးထပ်ဆောင်ရှိ စားရိပ်သာ၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာနယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)ညွှန်ကြားရေးမှူးဦးခွန်ဂျာအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထူးအောင်၊ ဌာနခွဲများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့်နည်းပြများ တက်ရောက်ကြသည်။

ဦးစွာ အစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများက အသီးသီးမိတ်ဆက်ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ယှဉ်ပြိုင်ရေး နှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအောင်နိုင်ရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ်တင်းနစ်အားကစားသမားများပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြတဲ့ တင်းနစ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရေးနှင့်တင်းနစ်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစည်းကမ်းများအတိုင်း စနစ်တကျ လိုက်နာကြရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲတွင် ထူးခြား ဖြစ်စဉ်များရှိပြီး အခက်အခဲရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ ချက်ချင်းသတင်းပို့ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အစမ်းလေ့ကျင့်ခြင်းနေ့ရက်များတွင် သတ်မှတ်အချိန်အတွင်းရောက်ရှိရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်နှင့် အစည်းအဝေးသို့တက်ရောက်လာသော တာဝန်ရှိသူများက ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများ၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်မှုကိစ္စရပ်များ ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနသို့ ပေးပို့ရမည့်အချက် အလက်များအား အချိန်မီ ပေးပို့နိုင်ရေးကိစ္စရပ်များ၊ ပြိုင်ပွဲကွင်းသို့ ကြို/ပို့ ရေးကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များအား အသီးသီး တင်ပြ ဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။